တက်စလာက ၎င်း၏ကားများကို ဈေးလျှော့ရောင်းချလာ

 

တက်စလာက ၎င်း၏ကားများကို ဈေးလျှော့ရောင်းချလာ

 

    လျှပ်စစ်ကားများကို အစောဆုံး ဖန်တီးသူ တစ်ဦးဖြစ်သည့် တက်စလာကုမ္ပဏီက ၎င်းတို့၏ကားများကို ဈေးလျှော့ရောင်းချလာကြောင်း သိရသည်။

ပထမသုံးလပတ်ကာလအတွင်း တက်စလာ၏ လျှပ်စစ်ကားများဖြစ်သော Model Y ၊ Model X နှင့်  Model S တို့၏ ရောင်းအားများသည် မျှော်မှန်းထားသည့် ပမာဏထက် ကျဆင်းလာသောကြောင့် ယခုကဲ့သို့ ဈေးလျှော့ ရောင်းချခြင်းဖြစ်သည်။

အဆိုပါမော်ဒယ်များအတွက် ဈေးလျှော့လိုက်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀၀၀ ဖြစ်သောကြောင့် Model Y ၏ အခြေခံအမျိုးအစားဈေးနှုန်းက ဒေါ်လာ ၄၂၉၉၀ သာရှိတော့သည်။ အဆင့်မြင့်အမျိုးအစားများမှာမူ ဒေါ်လာ ၄၇၉၉၀ နှင့် ၅၁၄၉၀ အသီးသီးရှိသည်။

အလားတူ Model S ၏ အခြေခံဈေးနှုန်းမှာ ဒေါ်လာ ၇၂၉၉၀၊ အဆင့်မြင့် အမျိုးအစားမှာ ဒေါ်လာ ၈၇၉၉၀ နှင့် Model Y အတွက် အခြေခံဈေးနှုန်းမှာ ဒေါ်လာ ၇၇၉၉၀ ၊ အဆင့်မြင့်အမျိုးအစားမှာ ဒေါ်လာ ၉၂၉၀၀ သာရှိတော့သည်။

သို့သော် ရည်ညွှန်းပေးမှုအတွက် ရရှိသော အကျိုးအမြတ်များပေးမှုကို ဧပြီလ ၃၀  ရက်နောက်ပိုင်းမှစ၍   ဈေးကွက်အားလုံးတွင် ရပ်ဆိုင်းသွားမည်ဟု တက်စလာကုမ္ပဏီက ပြောသည်။

ရည်ညွှန်းပေးမှု အစီအစဉ်ဆိုသည်မှာ ၎င်းတို့ထံမှ   ကုန်ပစ္စည်းဝယ်ယူပြီးသော သူများက   ဝယ်ယူသူအသစ်များကို ညွှန်းပေးသောကြောင့်    နောက်ထပ် ကုန်ပစ္စည်းများ ရောင်းချရမှုအတွက် အကျိုးအမြတ်များ ပေးခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံသို့သွားပြီး ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တွေ့ဆုံကာ    တောင်အာရှဒေသ ဈေးကွက်သို့ ဝင်ရောက်ရန်ကြေညာမည့် အစီအစဉ်ကိုလည်း အီလွန်မက်က ဖျက်သိမ်းလိုက်သည်။

ယခုကဲ့သို့   ပထမသုံးလပတ်ကာလအတွင်း  မော်တော်ကားများ ရောင်းအား ကျဆင်းခြင်းသည်  တက်စလာကုမ္ပဏီ အတွက် လေးနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။