ဗြိတိန် ဘာကြောင့်လိပ်ခဲတည်းလည်း ဖြစ်နေရတာလဲ

ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဥရောပသမဂ္ဂမှ ဗြိတိန်တရားဝင်ခွဲထွက်ရေး၊ မထွက်ရေး ဆွေးနွေးပွဲနောက်တစ်ခု ကျင်းပခဲ့ပြန်ပြီဖြစ်သည်။ သို့သော် နှစ်ရက်တာရလဒ်များက ထင်သလောက်မကောင်းခဲ့ဘဲ    ယခင်အတိုင်းပင် လိပ်ခဲတည်းလည်း အခြေအနေတွင် ရပ်တန့်ခဲ့ပြန်သည်။

ထို့ကြောင့် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲများက   ဗြိတိန်၌ဖြစ်လာမည်မဟုတ်ဘဲ ဥရောပသမဂ္ဂ  မြို့တော် ဘရပ်ဆဲလ်၌ပင် ဖြစ်လာမည်ဖြစ်သည်။ ဆွေးနွေးပွဲအတွက်လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်သည် ဘရပ်ဆဲလ်သို့  ကိုယ်တိုင်သွားရောက်မည်ဖြစ်ကာ အရေးကြီးသည့် သဘောတူညီချက်များရရန်  ကြိုးစားရဦးမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသာ မအောင်မြင်ခဲ့လျှင် ဗြိတိန်တရားဝင်ခွဲထွက်ရေးက မသေချာမရေရာသည့်ဘက်သို့   ဦးတည်သွားမည် ဖြစ်ကာ ဗြိတိန်တို့ဘက်က နောက်ဆုံးအချိန်မိနစ်စက္ကန့်အထိ သဘောတူညီချက်ရရန် ညှိနှိုင်းမည်ဟု ဆိုထားသည်။   အဓိကဖြစ်နေသည့်ပြဿနာက ပင်လယ်ပြင်ငါးဖမ်းခွင့်၊   ကုမ္ပဏီများသို့   ဗြိတိန်တို့အစိုးရ အကူအညီမပေးရေးနှင့် ကုန်သွယ်ရေးတို့ ဖြစ်သည်။

ငါးလုပ်ငန်းကဏ္ဍက ဗြိတိန် GDP အတွက် အနည်းဆုံးအပိုင်းတစ်ခုဟုဆိုနိုင် သော်လည်း ဗြိတိန်တို့က  ၎င်းတို့စားသုံးလျက်ရှိသည့်ငါးကို ပြည်ပမှ အများဆုံးပြန်လည် တင်သွင်းရသည့်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ပစ်ပယ်မရနိုင်ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ စည်းမျဉ်းအတိုင်းဆိုလျှင်   ဗြိတိန်ခွဲ ထွက်သွားသည့်အတွက်   ထိုပိုင်နက်ကို   လက်လွှတ်ရမည်ဖြစ်သည်။  ထိုအတိုင်းဖြစ်လာလျှင် ပြင်သစ်က    လစ်လပ်သွားသည့် ငါးဖမ်းကွက်ကို လုပ်ကိုင်ရမည် ဖြစ်သည်။

ကုမ္ပဏီများကို အစိုးရအကူအညီပေးရေး၊ မပေးရေးကလည်း ဥရောပသမဂ္ဂတို့ ထည့်တွက်ရသည်။ ဥရောပ၌  ယှဉ်ပြိုင်ခဲ့ သည့်ကုမ္ပဏီများဖြစ်သည့်အတွက် ခွဲထွက်ပြီးချိန်တွင်  ဗြိတိန်အစိုးရကသာ  ၎င်း၏ ကုမ္ပဏီများကို      အကူအညီပေးခဲ့ပါက  ဥရောပကုမ္ပဏီအမြောက်အမြား   ထိခိုက်နစ်နာမည်ဖြစ်သည်။ ထို့ကြောင့် အရေးကြီးသည့် အချက်အနေဖြင့်  ဥရောပသမဂ္ဂက တောင်းဆိုနေခြင်း ဖြစ်သည်။

ထိုနှစ်ချက်အဆင်မပြေလျှင် ကုန်သွယ်ရေးလည်း   အဆင်ပြေမည်မဟုတ်တော့ပေ။ ဗြိတိန်၏  နှစ်စဉ် ယူရိုဘီလီယံ ၉၀၀ တန်ဖိုးရှိသည့်  ဥရောပသမဂ္ဂသို့  ပို့ကုန်များလည်း အခွန်တိုးမြှင့် ကောက်ခံရတော့မည် ဖြစ်သည်။   ထိုကြားထဲ   မြောက်အိုင်ယာလန်နယ်စပ် အရေးကလည်း  ယခုအချိန်ထိ ပြဿနာအဖြေရှာမည့် စာရင်းထဲရှိနေသေးသည်။     မည်သည့်တိုးတက်မှု အရိပ်အယောင်မျှမတွေ့ပေ။

အကယ်၍ ဗြိတိန်နှင့် မြောက်အိုင်ယာ လန်နယ်စပ်ကိုသာ   ဘောရစ်ဂျွန်ဆင်က အစောင့်တပ်ဖွဲ့များ   ချထားလိုက်မည်ဆို

ပါက ဗြိတိန်လည်း စည်းလုံးညီညွတ်သည့် နိုင်ငံအဖြစ်  တည်ရှိတော့မည်မဟုတ်ဘဲ အိုင်ယာလန်၊ စကော့တလန်နှင့် ဝေးလ်တို့လည်း   ဗြိတိန်အတွက်   အစိတ်အပိုင်း နာမည်တစ်ခုစာမျှသာ   ရှိတော့မည် ဖြစ်သည်။

ထိုသုံးနိုင်ငံစလုံးက  ဗြိတိန်ပိုင်နက်ထဲ ဆွဲသွင်းခံထားရသော်လည်း ဥရောပသမဂ္ဂ နှင့်နယ်စပ်ကို ဖွင့်ထားချင်နေသည်။  ဖြစ်နိုင်လျှင်  အများစုက   ခွဲထွက်ရေးကိုပင် အားမပေးကြပေ။ သို့သော် ဘောရစ်ဂျွန်ဆင်က   စီးပွားရေးပြန်လည် အားကောင်းချင်လျှင် ခွဲထွက်မှဖြစ်မည်ဟု ယုံကြည်သည့်အတွက်    နှာတစ်ဖျား ခွဲထွက်ရေးမဲဖြင့် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလက     ခွဲထွက်ခဲ့သည်ဆိုသော်လည်း အပြည့်အဝခွဲထွက်ခြင်းမျိုး မဟုတ်သေးပေ။ ဒီဇင်ဘာ ၃၁ ရက်  နောက် ဆုံးအချိန်ကုန်မှသာ    တရားဝင်ခွဲထွက်၊ မခွဲထွက်ဆိုသည်ကို  သိရမည်ဖြစ်သည်။  လက်ရှိ   ဗြိတိန်တို့  နှစ် ၃၀၀ အတွင်း

အဆိုးရွားဆုံးစီးပွားရေးကျဆင်းမှုနှင့်ကြုံနေရသည်။    ထိုကြားထဲ  COVID ပြန်လည်ထူထောင်ရေးနှင့်   အကူအညီ ပေးရေး ရန်ပုံငွေများလည်း ပေးရဦးမည်ဖြစ်ကာ  တရားဝင်ခွဲထွက်ကြေး   ယူရို  ၄၁ ဘီလီယံပေးရမည့်အထဲမှ ယူရို ၂၅ ဘီလီယံလည်း ကျန်နေသေးသည်။

ထိုငွေအားလုံးကို  ဗြိတိန်တို့  ဥရောပသမဂ္ဂသို့ပေးရမည်ဖြစ်ပြီး  အချိန်အနည်းငယ်သာ ကျန်တော့သည်ဟု  ဆိုရမည်ဖြစ်သည်။    သုံးပတ်ဆိုသောအချိန်သည် ခဏလေးအတွင်းမှာပင် ကုန်ဆုံးသွားနိုင်သည်။ အကယ်၍ သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး  ခွဲထွက်ရေးရသည်နှင့်ပင် မပြီးသေးဘဲ လက်တစ်ဆုပ်စာ ဥရောပသမဂ္ဂ ပါလီမန်ခွင့်ပြုချက်လည်း ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံး လိုအပ်နေသေးသည်။

ထို့ကြောင့်   အချိန်အနည်းငယ်သာ ကျန်တော့သည်ဟု   ဆိုနေခြင်းဖြစ်ကာ လက်ရှိအချိန်မှာပင် ခွဲထွက်မှုကြောင့် ယူရိုဘီလီယံ ၇၀ ခန့် ဗြိတိန်အစိုးရဆုံးရှုံးထားရသည်။      တစ်ပြိုင်နက်တည်းမှာပင် အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီတို့ကလည်း ဘောရစ်ဂျွန်ဆင်ကို တရားဝင်ခွဲထွက်ရေးကိုသာ ဦးစားပေးရန် ဖိအားပေး တိုက်တွန်းနေကာ အမေရိကန်ကို ပစ်ပယ်၍ ရမည်မဟုတ်ပေ။

သို့သော်   ဗြိတိန်ဆိုသည်မှာ  ကမ္ဘာ့ နံပါတ် (၆)   စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည်ဆိုသော အချက်ကို ဥရောပသမဂ္ဂတို့ မမေ့သင့်ကြောင်း သတိပေးထားသဖြင့်  မည်သူမျှကြိုတင်မခန့်မှန်းရဲခြင်း ဖြစ်သည်။ တရားဝင်ခွဲထွက်ရေးက နည်းလမ်းကောင်း တစ်ခုဆိုသည်ကို ဗြိတိန်တို့ လည်း  မစဉ်းစားကြမည်မဟုတ်။ သို့သော် ထိုထက်ပိုကောင်းမည့် အခြေအနေများကိုဗြိတိန်တို့ရနိုင်မလား နောက်ဆုံးအချိန်ထိ ကြိုးစားနေကြခြင်း ဖြစ်နိုင်သည်။

နောက်ပိုင်းဆိုလျှင် ဗြိတိန်နှင့် ဥရောပ သမဂ္ဂတို့က   ပြိုင်ဘက်များဖြစ်လာကြမည်ဖြစ်ကာ ဈေးကွက်အပြိုင်အဆိုင်လုကြ

မည်ဖြစ်သည်။ ထိုအချက်ကို စိတ်ဝင်စား စရာအကောင်းဆုံးအဖြစ် ဥရောပသမဂ္ဂတို့ ကမြင်သည်။ ပြန်လည်တည်ဆောက်သည့် ဗြိတိန်ကို စီးပွားရေးအင်အားဖြင့်မောင်းနှင် ရန်၊ ကုမ္ပဏီများသို့ ယှဉ်ပြိုင်နိုင်ရန်  ကျောထောက်နောက်ခံပေးမည်မှာ အသေအချာဖြစ်သည်။

ယခုအတိုင်းပင်    ဗြိတိန်ခွဲထွက်ရေးကြောင့်  ထိခိုက်နစ်နာပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူ သန်းနှင့်ချီရှိသည်။ သမိုင်းတစ် လျှောက် အများဆုံးသော အလုပ်လက်မဲ့ နှုန်းဟု ပညာရှင်တို့က သုံးသပ်ထားကာ ဗြိတိန်တို့    နေတကယ်ဝင်တော့မလား ဆိုသောမေးခွန်းပင် မေးရတော့မလိုဖြစ်နေသည်။ သို့သော်  ကမ္ဘာ့အဓိကနိုင်ငံရေး ကစားကွက်ရွှေ့နိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံ အနေဖြင့် ရှိနေသေးသည့်အတွက် ရေတို၊ ရေရှည်သက်ရောက်မှုက စစ်ရေးဘက်ကို အနည်းငယ် အားပျော့သွားနိုင်သည့်အချက်ကသာ   အထင်ပေါ်ဆုံး ဖြစ်လာနိုင်ကာ ဗိုင်းရပ်ကာလအလွန်  ဘောရစ်ဂျွန်ဆင် က မယုံနိုင်စရာများ စွမ်းဆောင်နိုင်မလား ဆိုသည့်အချက်ကလည်း စောင့်ကြည့်ရဦး မည်ဖြစ်ပါကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။    ။

ရှိန်းထက်

Ref;CNN