၀က်လက်မြို့နယ်၌ ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါး ၁၅၅၆ ဧက စိုက်ပျိုးပြီးစီး

 

၀က်လက်မြို့နယ်၌ ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါး ၁၅၅၆ ဧက စိုက်ပျိုးပြီးစီး

 

    စစ်ကိုင်းတိုင်းဒေသကြီး    ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက် ပျိုးရာသီတွင် နွေစပါး ၁၅၅၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း    ဝက်လက်မြို့ နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ယခုနှစ်    နွေသီးနှံစိုက်ပျိုးရာသီတွင် ဝက်လက်မြို့နယ်၌ နွေစပါးဧက ၂၈၀၀၀ စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် ဖေဖော် ဝါရီလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ   ၁၅၅၆  ဧက  စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

“ဒီနှစ် ဝက်လက်မြို့နယ်မှာ နွေစပါး ဧက ၂၈၀၀၀ ကျော်စိုက်ပျိုးဖို့ လျာထားပါ တယ်။ လက်ရှိအချိန်ထိ ဧက ၁၅၀၀ကျော် စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ပါတယ်။ ဆက်လက်  ပြီးလည်း စိုက်ပျိုးနေပါတယ်။ နွေစပါးစိုက် တောင်သူတွေကို    စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးတာ၊    ပိုးမွှားကျရောက်မှု ကာကွယ်ရေး အသိပညာပေးတာ၊    သီးနှံ တွေပျက်စီးဆုံးရှုံးမှု မရှိရေး၊  ရိတ်သိမ်းပြီး စပါးတွေ   အမိုးအကာအောက်  အချိန်မီ ရောက်ရှိစေဖို့    အသိပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်” ဟု   ဝက်လက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန    ဦးစီးမှူး ဒေါ်ကြင်စန်း ကပြောသည်။

ဝက်လက်မြို့နယ်၌ ပြီးခဲ့သည့်နှစ်နွေသီးနှံ စိုက်ပျိုးရာသီက နွေစပါးဧက ၃၁၇၀၀ စိုက်ပျိုးရန်  လျာထားပြီး  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ စိုက်ပျိုးခဲ့ရာ ၇၇၅၁ ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း   သိရသည်။

ယခုနှစ်တွင် ဝက်လက်မြို့နယ်၌ နွေစပါးစိုက်ပျိုး တောင်သူများအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန် ပညာပေးခြင်း၊ သဘာ၀ မြေသြဇာပြုလုပ်သုံးစွဲနည်းပညာများ၊ မိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်၊ စီးပွားမျိုး များ စိုက်ပျိုးကြရန် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့်    မိုးစပါးနှင့် မိုးသီးနှံရိတ်သိမ်းအပြီး နွေစပါးနှင့် တခြား သီးနှံများ  အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ   ညွှန်ကြားချက်များ၊  မြေဆီလွှာ အာဟာရဖြည့်တင်းရေးဆိုင်ရာ  လုပ်ငန်း များနှင့်   မျိုးကောင်းမျိုးသန့်မျိုးစေ့များ ကြိုတင်စုဆောင်းရေးဆိုင်ရာ လုပ်ငန်းများ ကို စိုက်ပျိုးရေး ဦးစီးဌာနနှင့် ချိတ်ဆက်    ၍ ကြိုတင်ပြင်ဆင်ထားကြရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။