တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်း ထားရှိမည့်နေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု စစ်ဆေး

 

တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်း ထားရှိမည့်နေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု စစ်ဆေး

 

တောင်ကြီး  ဧပြီ  ၂၁

    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီက   တောင်ကြီးမြို့ စူဠာမုနိလောက ချမ်းသာဘုရား  ဘက်စုံမွမ်းမံပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာဘုရားအား    Grade 7 Rays ကုမ္ပဏီမှ တာဝန်ယူ၍ ဘုရားအမိုးပေါ်ရေများ စိမ့်ကျမှုမရှိစေရန် ရေလုံမှုပြုပြင်ခြင်း၊ ဘုရားအတွင်းအပြင် နံရံဆေးသုတ်ခြင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်က    လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ် တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်း ထားရှိမည့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအား သွားရောက်၍   အခမ်းအနားကျင်းပမည့် ခန်းမ၊ အမျိုးသား၊ အမျိုးသမီး အိပ်ဆောင်၊ စားသောက်ခန်းမတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး တောင်ကြီးလူရည်ချွန်စခန်း ဖွင့်ပွဲကျင်းပမည့် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

၂၀၂၄ခုနှစ် တောင်ကြီးလူရည်ချွန် စခန်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)မှ  ၈၄ ဦး အရွေးချယ်ခံရပြီး တစ်နိုင်ငံလုံး စုစုပေါင်း ၁၄၀ ဦး ကြီးကြပ်၁၆ ဦးသည် ဧပြီလ ၂၇ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။