သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်လှူဒါန်း

သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်လှူဒါန်း

ရန်ကုန်  ဧပြီ  ၂၁

နွေရာသီကာလ သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်၊ မြို့နယ်အသီးသီးရှိ မီးသတ်တပ်ဖွဲ့ဝင်များက ဧပြီလတတိယပတ်အတွင်း သွားရောက်လှူဒါန်းလျက်ရှိကြကြောင်း သိရ သည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄၈)ရပ်ကွက် ဓမ္မသစ္စာ ဘုန်းတော်ကြီး ကျောင်းသို့ ရေဂါလန် ၃၂၀၀ အားလည်းကောင်း၊ ဒေါပုံမြို့နယ် ယမုံနာ(၁)ရပ်ကွက် အသောကရာမ ဘုန်းကြီးကျောင်းသို့ ရေဂါလန် ၁၆၀၀ နှင့် ယမုံနာ(၂)ရပ်ကွက် ရွှေညောင်ပင်ကျောင်းတိုက်သို့  ရေဂါလန် ၃၂၀၀ အားလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ရှိ မဟာစည်မြဝတီ သာသနာ့ ရိပ်သာသို့ရေဂါလန် ၁၆၀၀၊ စံပြရပ်ကွက် စံပြ(၅)လမ်းရှိ မဟာသဒ္ဓမ္မသိပ္ပံသီလရှင်စာသင်တိုက်သို့ ရေဂါလန် ၁၆၀၀ နှင့် စံပြရပ်ကွက် စံပြ(၅)လမ်း ရန်မျိုးအောင်ဘုရားကြီး ပရိယတ္တိစာသင်တိုက်သို့ ရေဂါလန် ၁၆၀၀ အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြသည်။

ထို့အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၈၈ ရပ်ကွက် သုခိတာလမ်းရှိ ကေသရာ ရာမဘုန်းတော်ကြီး ကျောင်းတွင် ရေဂါလန် ၃၂၀၀ အားလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၂၁) ရပ်ကွက် ဝိစိတ္တာရာမ ကံပေါ်ဘုန်းကြီးကျောင်းသို့ ရေဂါလန် ၁၆၀၀၊ အမှတ် (၁၅၅)ရပ်ကွက်နေ ပြည်သူများနှင့် အောင်မင်္ဂလာလမ်းနှင့် အာသာဝတီလမ်းရှိ နေအိမ် ၂၀၀ ခန့်မှ ပြည်သူများက သောက်သုံးရေလိုအပ်ကြောင်း ဆက်သွယ်လာပါသဖြင့် ရေဂါလန် ၆၄၀၀ အားလည်းကောင်း၊ ကော့မှူးမြို့နယ် မန်ကျီးကန်ကျေးရွာ အောင်မြေချမ်းသာကျောင်းတိုက်သို့ ရေဂါလန် ၁၆၀၀ အားလည်း ကောင်း လိုက်လံလှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သောက်သုံးရေနှင့် သုံးရေလိုအပ်ချက်ရှိသည့် ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ပြည်သူများထံသို့ ဆက်လက်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။  

ဝန်းရံခ