၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ပဲမျိုးစုံ ၆၈၂၁၁ တန်ကျော်တင်ပို့နိုင်ခဲ့

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ပြည်ပသို့ပဲမျိုးစုံ ၆၈၂၁၁ တန်ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ကုန်သွယ်ရေး

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်အထိကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ ၆၈၂၁၁ တန်ကျော် တင်ပို့ထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ အဓိကသီးနှံများဖြစ်သည့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို စိုက်ပျိုးပြီး တစ် နိုင်ငံလုံး၏စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုး မျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများ ဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး လယ်ယာထွက် ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းခန့်  စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂  ရာခိုင်နှုန်း ခန့်သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများဖြစ်ကာ ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလား ပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများ စိုက်ပျိုးကြသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ပဲများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်း၊  မြေထောက်ပဲ၊  ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ (စွန်တာနီ၊ စွန်တာ ဖြူ)၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်စေ့၊ ပဲနီ ကျား၊ နိုင်လွန်ပဲ၊ မြေပဲဆန်နှင့်  တခြားပဲ များပါဝင်ကြောင်း သိရသည်။

ပြည်ပသို့   ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက် မှ ၅ ရက်အထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ၆၆၉၉၈ ဒသမ ၉၅၆ တန် နှင့် နယ်စပ်မှ ၁၂၁၂ ဒသမ ၁၇ တန် စုစုပေါင်း ၆၈၂၁၁ ဒသမ ၁၂၆ တန် တင် ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၈၆ သန်းရရှိခဲ့ကြောင်း သိရသည်။

ဝန်းရံခ