ဘာနာဒိုဆေးလ်ဗား၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး မန်စီးတီးအသင်း အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲ တက်ရောက်

 

ဘာနာဒိုဆေးလ်ဗား၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး မန်စီးတီးအသင်း အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲ တက်ရောက်

 

    အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ကစားခဲ့ရာ မန်စီးတီးအသင်းက ဘာနာဒိုဆေးလ်ဗား၏ တစ်လုံး တည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဗိုလ်လုပွဲသို့   နှစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ကြောင်း  သိရသည်။

    အဆိုပါပွဲစဉ် ပထမပိုင်းတွင် မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေးကစား နိုင်ခဲ့သော်လည်း     နှစ်သင်းစလုံး  ဂိုးသွင်းခွင့်များ ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျက်ဆန်၏ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့်သာ   ချယ်လ်ဆီးအသင်း ဂိုးရရှိနိုင်မည့် အခွင့်အရေးများ နစ်နာခဲ့ရကာ  ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

    ဆက်လက်ပြီး   ဒုတိယပိုင်းတွင်လည်း   မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဆက်လက်  ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၈၄ မိနစ်တွင် ဘာနာဒို ဆေးလ်ဗားက မန်စီးတီး အသင်းအတွက် တစ်လုံးတည်း သော ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီး ဆုံးချိန်တွင် မန်စီးတီးအသင်းက ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။

    မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ဘောလုံး ရာသီကလည်း  အက်ဖ်အေဖလားပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်တွင် မန်ယူအသင်းကို အနိုင်ရရှိပြီး   ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကာ  ယခုဘောလုံးရာသီတွင်လည်း   မန်ယူအသင်းနှင့် ကိုဗင်ထရီအသင်းတို့မှ အနိုင်ရရှိမည့် အသင်းနှင့် မေလ၂၅ ရက်တွင် ဗိုလ်လုပွဲယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။