ရွှေတောင်မြို့နယ်တွင် ဟော်လန်ပန်း ခေါ် သစ္စာပန်းစိုက်ပျိုး၍ အကျိုးအမြတ်ရရှိ

ရွှေတောင်မြို့နယ်တွင် ဟော်လန်ပန်း ခေါ် သစ္စာပန်းစိုက်ပျိုး၍ အကျိုးအမြတ်ရရှိ

ရွှေတောင်  ဧပြီ  ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျီးသဲအုပ်စု တည်ကုန်းကျေးရွာတွင် ပန်းရောင်နှင့် အဖြူရောင် ဟော်လန်ပန်းခေါ် သစ္စာပန်းများစိုက်ပျိုးထားရှိကြောင်း၊ ဟော်လန်ပန်း ခေါ် သစ္စာပန်းများ ကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးသုံးလအကြာ တပို့တွဲလတွင် စတင် ခူးဆွတ်ရကြောင်း သိရသည်။

ဟော်လန်ပန်း ခေါ် သစ္စာပန်းစိုက်ပျိုးမှု အနေဖြင့် တစ်ဧကလျှင် မျိုးဥရေနှစ်တင်း/အပင်ရေအားဖြင့် ၁၅၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် စတင်စိုက်ပျိုးချိန်မှ   ခူးဆွတ်ချိန်အထိ ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ်ချိန်တွင် အပင်ရေ ၂၀၀ မှ ၃၀၀ အထိ ခူးဆွတ်ရပြီး ပန်းများလှိုင်လှိုင်ပေါ်ချိန်တွင် အပင်ရေ ၂၀၀၀ ခန့် ခူးဆွတ်နိုင်ကြောင်း၊ ပန်းများ ခူးဆွတ်ရာတွင် တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး ခူးဆွတ်နိုင်သည့်အချိန်ကာလ အနေဖြင့် ၁၅ ရက် ကျော် တစ်လခန့်ကြာမြင့်ကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် ဟော်လန်ပန်း ခေါ် သစ္စာပန်းတစ်ပင်လျှင်   ငွေကျပ် ၁၀၀၊ ၁၂၀   နှုန်းဖြင့်ရောင်းချပြီး  ရွှေတောင်မြို့နယ်ရှိ ပန်းဒိုင်များမှ ပန်းခင်းအထိ လာရောက်ဝယ်ယူကြကာ ရန်ကုန်မြို့နှင့် ညောင်ခါး ရှည်မြို့တို့သို့လည်း ပြန်လည်တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ခြောက်သိန်းကျော်ရရှိကြောင်း၊  ဟော်လန်ပန်း ခေါ် သစ္စာပန်းသည် ကုန်ကျစရိတ်သက်သာပြီး ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိသည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရသည်။             

ဇော်မျိုး(မြဝတီ)