ဒေသခံပြည်သူများအား သောက်သုံးရေလှူဒါန်း

ဒေသခံပြည်သူများအား သောက်သုံးရေလှူဒါန်း

ညောင်ဦး၊ လူမှုရေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ မြင့်မြတ်သူသောက်သုံးရေ ဆပ်ကော်မတီက ညောင်ဦးမြို့နယ် အတွင်းရှိ သောက်သုံးရေအခက်အခဲရှိသည့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစေရန် အတွက် ဧပြီလ ၂၀ ရက်တွင် ရေသယ် ယာဉ်ဖြင့်သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေး ကြောင်း    သိရသည်။

ထိုသို့သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး သွားရောက်လှူဒါန်းပေးရာတွင် ညောင်ဦးမြို့ မြင့်မြတ်သူ သောက်သုံး ရေဆပ်ကော်မတီမှဦးအောင်ငြိမ်း ဦးဆောင်သောကော်မတီအဖွဲ့ဝင်များက ညောင်ဦးမြို့ နယ် လက်ဝဲကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀၀၀၊ သဲပြင်တောကျေးရွာရှိ ဒေသခံ ပြည်သူများအတွက်  ရေဂါလန် ၃၀၀၀၊  ရွှေလှိုင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀၀၀၊ ထီးပုကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀၀၀၊ ဖိုးနီကန်ကျေးရွာရှိ ဒေသခံပြည်သူ များအတွက် ရေဂါလန် ၃၀၀၀ စုစုပေါင်း ရေဂါလန် ၁၅၀၀၀ အား ကျေးရွာအိမ်ထောင်စု လူဦးရေ အလိုက်စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးသည်။

သောက်သုံးရေ အခက်အခဲဖြစ်ပါက အဆိုပါ မြင့်မြတ်သူသောက်သုံးရေ ဆပ်ကော်မတီအသင်းရုံး ဖုန်းနံပါတ်- ၀၆၁၂၄၆၀၅၀၀ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။  

ရဲဝင်းနိုင်(ညောင်ဦး)