နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၂၂

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြန်မာ နှစ်သစ်ကူးအတာသင်္ကြန်ကို ပြည်သူပြည်သူများအားလုံးပါဝင်၍ စည်ကားသိုက်မြိုက် စွာဖြင့် ဆင်နွှဲနိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ အားလုံးပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ခဲ့ကြ သည့်အတွက်ဝမ်းမြောက်ပါကြောင်း၊ လာမည့် အတာနှစ်သစ်ကူးအခါသမယများတွင် လည်း ယခုကဲ့သို့တိုင်းသူပြည်သားများအားလုံး စိတ်နှလုံးပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲ နိုင်ရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်သစ်ကူးအခါ သမယမှစ၍ နှစ်သစ်တွင် နိုင်ငံ့တာဝန်များကို ဆထက်ထမ်းပိုးထမ်းဆောင်ရွက်သွား နိုင်ရေး ဆုမွန်ကောင်းတောင်းပါကြောင်း။

အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အလေးထားဆောင်ရွက်ရန်လို

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သား များအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေးအနေဖြင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီသည်အခြေခံ ဝင်ငွေ ဖြင့်ပင် စိတ်အေးချမ်းသာစွာနေထိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များ နှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် နိုင်ငံ၏ ငွေကြေးတန်ဖိုးများခိုင်မာစေရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။

နိုင်ငံ့စီးပွားရေးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံ ရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ သို့သော် စီးပွားရေး အရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြား အောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများနှောင့်နှေး ပိတ်ဆို့ အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမို တိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုက်သင့်သည့်ငွေကြေးတန်ဖိုးတွင် တည်ငြိမ်နေရန် လိုကြောင်း။

တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ် ချက်မှာ ပြည်တွင်း၌ထုတ်ကုန်များပြည့်ဝစွာဖြင့် ထုတ်လုပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စားသောက်ကုန်နှင့် လူသုံးကုန်များကို ဒေသအသီးသီး၌ ပြည့်စုံလုံလောက် စွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ဆန်၊ စပါး အဓိကစိုက်ပျိုး ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ရှေးယခင်က နိုင်ငံအတွင်း၌ပင် ဆန်၊ စပါးများရှားပါးသည်အထိ ဖြစ်ပေါ်ခဲ့ဖူး‌ကြောင်း၊ စာရင်းဇယားများအရ ၁၉၆၂-၁၉၆၃ ခုနှစ် တွင် စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ ၃၁ တင်းသာဖြစ်ပြီး ၁၉၆၇- ၁၉၆၈ ခုနှစ်၌ ၂၈ ဒသမ ၃ တင်းအထိဖြစ်ခဲ့ဖူးကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဒေသ တွင်း၌ ရာသီဥတုဖောက်ပြန်ဆိုးရွားမှုများကြောင့် စပါးအထွက်နှုန်းများကျဆင်းပြီး ဆန်စပါး များ ရှားပါးခဲ့ရခြင်းပြီး ဒေသတွင်းရှိနိုင်ငံများတွင်လည်း အလားတူဖြစ်စဉ်မျိုး ဖြစ်ပေါ်ခဲ့ခြင်းများရှိခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် တွင် စပါးအထွက်နှုန်းများတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းများကိုမှန်မှန်ကန်ကန်ဖြင့်အောင်မြင်အောင် ဆောင် ရွက်ကြရန်လိုကြောင်း။

နိုင်ငံအတွင်း၌ စားရေရိက္ခာဖူလုံမှုရှိစေရေး အမြဲဆောင်ရွက်နေရန်လိုကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့်ဆောင် ရွက်ကြမည်ဆိုပါက နိုင်ငံ၏စိုက်ပျိုးစွမ်းအားများလည်း တိုးတက်လာမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ ထုတ် လုပ်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိသည့်နိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံ တကာတွင် စားနပ်ရိက္ခာလုံခြုံရေး Food Security ကို အထောက်အကူပြုနိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ဝင်ငွေကိုလည်း တိုးတက် လာမည်ဖြစ်သဖြင့် မိမိတို့၏ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများရေးကို အလေး ထား ဆောင်ရွက်ကြစေလိုကြောင်း။

ဆီထွက်သီးနှံများ ပြည့်ဝစွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လို

ဆီထွက်သီးနှံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံထွက်ကုန်များကို ပြည်ပသို့ တင်ပို့နေခြင်းများလည်းရှိကြောင်း၊ ဆီထွက်သီးနှံများအထွက်နှုန်း ပြည်ဝစွာ ဖြင့် ထုတ်လုပ်နိုင်ရေးနှင့် အချက်အလက်များ မှန်ကန်စွာရယူနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်(၄)ချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ ရေလုံလောက်စွာ ရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို စနစ်တကျဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိအချိန်သည် စိုက်ပျိုးရေးလုပ်ငန်းများ မြိုင်မြိုင်ဆိုင် ဆိုင်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် တွန်းအားပေးဆောင်ရွက်ကြစေလို ကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို များစွာဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သဖြင့် ပြည်ပငွေသုံးစွဲမှု များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ဝါဂွမ်းများစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အချို့ကိုပြည်ပသို့တင်ပို့ လျက်ရှိပြီး အချို့ကိုပြည်တွင်း၌ သုံးစွဲနေသည်ကိုတွေ့ရကြောင်း၊ အလားတူ ပြည်ပမှ ချည်နှင့် ပိတ်များကိုလည်း ပမာဏများစွာ တင်သွင်းနေရကြောင်း၊ ဝါစိုက်ပျိုးထုတ် လုပ်မှုကိုလည်း အဆင့်မီသည့် ဝါဂွမ်းများထုတ်လုပ်နိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှချည်နှင့်ပိတ်များ တင်သွင်း မှုကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းမှု ရှိစေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ယခုကတည်းက ဆောင်ရွက် ထားရှိရန်လိုကြောင်း။

သဘာဝဘေးအန္တရာယ်လျှော့ချနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လို

ယခုအခါ ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သဘာဝဘေး အန္တရာယ်ကို ရှောင်ရှားနိုင်ခြင်းမပြုနိုင်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်မှုများဖြင့် လျှော့ချနိုင်ကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသများအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်အခြေအနေအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ သစ်ပင်သစ်တောစိုက်ပျိုးခြင်းများဖြင့် သဘာဝဘေး အန္တရာယ်ကို အထိုက်အလျောက်လျှော့ချနိုင်သဖြင့် ဒေသအသီးသီးရှိ ကျေးရွာအုပ်စု များအလိုက် သစ်တောစိုက်ခင်းများစိုက်ပျိုးပြီး နိုင်ငံတစ်ဝန်း၌ သစ်ပင် သစ်တောများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပြည်သူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ သစ်တောပြုန်းတီး မှုများ မရှိစေရေးအတွက်လည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင် ရေး အသိပညာပေးခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ထားကြရန် လိုကြောင်း။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်လို

ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး နှင့် ပရိဘောဂများပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေး ထားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသ အချို့တွင်လည်းအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားကြရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဖွင့်လှစ်လျက် ရှိသည့် သင်တန်းများကို ပညာရည်အဆင့်များအလိုက် ထိုက်သင့်သည့်ဘွဲ့များပေးအပ် နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့်ကျောင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် လာမည့်ပညာသင်နှစ် တွင် ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ တစ်ဆက်တည်းတွင် စာကြည့်တိုက်များနှင့် ပတ်သက်၍လည်း စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်မှုရှိစေရေး၊ စာကြည့်တိုက်များတွင် ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ  စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီးလူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအဓိက အထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေ များထားရှိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အများ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်အောင် စာပေကုသိုလ်ဖြင့်ဆောင်ရွက်ကြစေလို ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကောက်ရိုးမီးကဲ့သို့မဟုတ်ဘဲ ရေရှည်အတွက် ကြည့်၍ စီမံဆောင်ရွက်ကြစေလိုကြောင်း။

အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

အားကစားနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လှုပ်ရှားမှုအားနည်းချက်များရှိနေဆဲ ဖြစ်သည်ကို တွေ့မြင်နေရကြောင်း၊ ယှဉ်ပြိုင်မှုရှိမှသာ တိုးတက်မှုရှိမည်ဖြစ်သဖြင့် အားကစားသမားများ စဉ်ဆက်မပြတ် ယှဉ်ပြိုင်နိုင်ရေးအားကစားပွဲများကို ဒေသ အလိုက် ကျင်းပပေးနေရန်လိုကြောင်း၊  ထိုသို့ကျင်းပပေးခြင်းအားဖြင့် စုစည်းညီညွတ် သည့်၊ အဖွဲ့အစည်းနှင့်အောင်မြင်မှုရရှိအောင်ဆောင်ရွက်တတ်သည့် စိတ်ဓာတ်များနှင့် တိုင်းချစ်ပြည်ချစ်စိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ အားကစားသမားများ အနေဖြင့် ကျန်းမာကြံ့ခိုင်သည့် ရုပ်သွင်ပြင်လက္ခဏာရှိရန်လိုသကဲ့သို့ အားကစား စိတ်ဓာတ် အပြည့်ဖြင့်ယှဉ်ပြိုင်ရန်လိုကြောင်း၊ နိုင်ငံ၏အားကစား အဆင့်အတန်းကို မဖြစ်မနေမြှင့်တင် ပေးရန်လိုအပ်သည့်အတွက်  မိမိတို့အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အထွေထွေဆွေးနွေးခြင်းအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က  ဝါစေ့ဆီကြိတ်စက်နှင့် ဝါကြိတ်စက်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုနှင့် ဝါသီးနှံမှတဆင့် စားသုံးဆီနှင့် အရည်အသွေးမီချည်မျှင်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းရှိန်က ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဉီးမြင့်နောင်က ပြည်ပသို့အလုပ်သမားများစေလွှတ်ပေးနိုင်မှုအခြေအနေများ ကိုလည်ကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြောကြား ရာတွင် ကျေးလက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များလှူဒါန်းရာတွင် ကျေး လက်နေပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်စေရေးအတွက် စာအုပ်စာစောင် များကို ဦးစားပေးအနေဖြင့် လှူဒါန်းကြစေလိုကြောင်း၊ အားကစားနှင့်ပတ်သက်၍ လည်း အပျော်တန်းအဆင့်မှစ၍ Professional အဆင့်သို့သွားရခြင်းဖြစ်သဖြင့် သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြများ၏ အရည်အချင်းများ ကောင်းမွန် စေရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် အားကစားအသင်းများ စတင်ဖွဲ့စည်း စဉ်ကပင် စနစ်တကျဖြင့် လေ့ကျင့်ပေးရန်လိုကြောင်းဖြင့်ပြောကြားသည်။

လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် မိဘ၊ ဆရာနှင့်တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်း၍ အလေးထားဆောင်ရွက်ပေးကြစေလို

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်သင် တန်းများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက် ကာလကို အကျိုးရှိရှိဖြင့်အသုံးချနိုင်ရေး မိဘများနှင့် တာဝန်ရှိသူများအနေဖြင့် စီစဉ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ လူငယ်များသည်တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင် များဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ၏အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ် ပြည်ချစ်စိတ်များရရှိပြီး တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ကိုစောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်စေရေးအတွက်စနစ်တကျဖြင့် လေ့ကျင့်ပျိုးထောင် ပေးရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ပညာ သင်ကြားရာတွင် အခြေခံမှစ၍သိရှိနားလည်နိုင်ရေးအ တွက်လည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် မိဘ၊ ဆရာနှင့်တာဝန်ရှိသူများ အားလုံး ကဝိုင်းဝန်း၍ အလေးထားဆောင်ရွက်ပေးကြစေလို ကြောင်းဖြင့်ပြောကြားပြီး အစည်း အဝေးရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။