၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူး ဧပြီ  ၂၂

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၂ ရက်တွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်   လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်များအားလပ်ချိန် ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ပိုမိုထိရောက် စွာဆောင်ရွက် ပေးနိုင်ရေးအတွက် စနစ်တကျစီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်းသည် နိုင်ငံအတွက်၊ မြန်မာ့အားကစားအတွက် အကျိုးထူးများ မလွဲမသွေရရှိနိုင်မည်ဖြစ်သောကြောင့် လူငယ်များအနေဖြင့် တက်ရောက်သင့်ကြောင်း   ပြောကြားသည်။

ထို့နောက် မြန်မာ့သိုင်း၊ ကရာတေးဒို၊ Fitness Dance အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများက သရုပ် ပြသကြပြီး သရုပ်ပြအားကစားအဖွဲ့များကို ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ပဲခူး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်နှင့် ပဲခူးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်တို့က ဂုဏ်ပြုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးအဆင့် နွေရာသီ အခြေခံအားကစားနည်းသင်တန်း ကို မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ် ၍ အားကစားနည်း ၁၀ မျိုး သင်ကြားပေး ခဲ့ပြီး လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး နွေ ရာသီ အဆင့်မြင့်အားကစားသင်တန်းကို ဧပြီလ ၂၂ ရက်မှ မေလ ၂၁ ရက်အထိ ဘောလုံး၊ Fitness Dance ၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊  တင်းနစ်၊ ကြက်တောင်အားကစားနည်းရှစ်မျိုးကို  ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

(၄၀၁)၊တင်စိုး(ပဲခူး)