ရန်ကင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား ပါရမီလမ်း ကတ္တရာကွန်ကရစ်(AC)ခင်းကျင်းနေမှု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား ပါရမီလမ်း ကတ္တရာကွန်ကရစ်(AC)ခင်းကျင်းနေမှု  ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဧပြီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့ညပိုင်း တွင် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသည့် မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ် အကြားဆက်သွယ်ထားသော ပါရမီလမ်းတစ်လျှောက် ပြည်လမ်းမှ ဝေဇယန္တာလမ်းအထိ ကတ္တရာ ကွန်ကရစ် ထပ်ပိုးလွှာခင်း၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ ပါရမီတံတားအောက်ခြေပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ရေမြောင်းရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)