ကျောင်းသား၊ ကျောင်းသူများ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလ အတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါ သည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် လေကြောင်း ပညာကျွမ်းကျင် သေ

ဒီသင်တန်းကိုလာတက်ကြတဲ့ လူငယ်မောင်မယ်တွေအနေနဲ့ အပြင်မှာမမြင်ဖူးသေးတဲ့ လက်တွေ့ အနီးကပ်လေ့လာခွင့်ရမယ်။ သင်တန်းကသင်ကြားပို့ချပေးတဲ့ လေကြောင်းဆိုင်ရာ ပညာရပ်တွေကို ကိုယ်တိုင်ထိတွေ့ ဆည်းပူးခွင့်ရရှိမှာဖြစ်တဲ့အပြင် လေကြောင်းဆိုင်ရာ အသိပညာဗဟုသုတများစွာကို လေ့လာဆည်းပူးခွင့်ရရှိစေမှာ ဖြစ်ပါတယ်။

ဗိုလ်ကြီးဇင်နိုင်ထွန်း(သင်တန်းနည်းပြ)

ကျောင်းသား၊ ကျောင်းသူများ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလ အတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါ သည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် လေကြောင်း ပညာကျွမ်းကျင် သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)၊   ရေကြောင်းလူငယ်(အခြေခံ/တန်းမြင့်)သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ကို ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။  အဆိုပါသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဗိုလ်မှူးသိန်းထိုက်

သင်တန်းအုပ်ချုပ်သူ/နည်းပြ

နေပြည်တော်စခန်းအနေနဲ့ တန်းခွဲ(၁)(၂)ဖြင့် ခွဲခြားထားပြီး တန်းခွဲ(၁) မှာတော့ သင်တန်းသား၊ သင်တန်းသူ ၅၇ ဦး၊ တန်းခွဲ(၂)မှာတော့ သင်တန်းသား၊ သင်တန်းသူ ၁၂၂ ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၁၇၉ ဦးနဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ တပ်မတော်(ရေ)အနေနဲ့ နေပြည်တော်  ရေကြောင်း လူငယ်စခန်းအပါအဝင် ရေကြောင်းလူငယ်သင်တန်းစခန်း ၁၀ ခုအား သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၁၈ ဦးဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားသွား မှာဖြစ်ပါတယ်။ သင်တန်း မှာ သင်ကြားပို့ချပေးသွားမယ့် ဘာသာရပ်တွေကတော့ အခြေခံသင်တန်းအနေနဲ့ အခြေခံစစ်ရေးပြ၊ အခြေခံရေကူး၊   အခြေခံရေတပ်သား၊ ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားနှင့် နက္ခတ္တဗေဒ၊ GPS အပါအဝင် ရေကြောင်းသွားလာရေး၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးနှင့် လှေလှော်ရွက် တိုက်ဘာသာရပ်တွေဖြစ်ပြီး တန်းမြင့်သင်တန်း အနေနဲ့ စစ်ရေးပြ၊ ရေကူး၊ အသုံးချရေတပ်သား၊ အသုံးချ ရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒ၊ GPS  အပါအဝင် ရေကြောင်းသွားလာရေး၊ ရေတပ်သား အချက်ပြ ဆက်သွယ်ရေး၊ လှေလှော်ရွက်တိုက် ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ အခြေခံသင်တန်းအနေနဲ့ အနည်းဆုံး သတ္တမတန်း အောင်မြင်ပြီးသူများ၊   အကျင့်စာရိတ္တ ကောင်းမွန်ပြီး မိဘအုပ်ထိန်းသူများမှ ခွင့်ပြုသူများ၊ ရေကြောင်းပညာရပ်ကို စိတ်ပါဝင်စားသူများ၊ သင်တန်းပြီးမြောက်အောင် တက်နိုင်သူများ ဖြစ်ရမှာဖြစ်ပြီး တန်းမြင့်သင်တန်းအနေနဲ့ အခြေခံသင်တန်း တက်ရောက်အောင်မြင်ပြီးသူများဖြစ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်ပြီး မိဘအုပ်ထိန်းသူများမှ ခွင့်ပြုသူများ၊ ရေကြောင်းပညာရပ်ကို စိတ်ပါ ဝင်စားသူများ၊ သင်တန်းပြီးမြောက်အောင် တက်နိုင်သူများဖြစ်ရမှာ ဖြစ်ပါတယ်။

မောင်အောင်ဇော်ဖြိုး၊ ရေကြောင်းလူငယ်

(တန်းမြင့်သင်တန်းသား)

ကျွန်တော့်အနေနဲ့ ရေကြောင်းလူငယ် (အခြေခံ/တန်းမြင့်)သင်တန်း (၁/၂၀၂၄)မှာ တန်းမြင့် သင်တန်းသား တစ်ယောက်အနေနဲ့ ထပ်မံတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရေကြောင်းလူငယ် (အခြေခံ)သင်တန်းကို ၂၀၂၃  ခုနှစ်မှာ  တက်ရောက်ခဲ့ပါတယ်။  တက်ဖြစ်တဲ့ အကြောင်းကတော့ အခြေခံ သင်တန်းမှာ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးမှု တွေရတယ်။ နောက်ပြီး စိတ်ဓာတ်ခိုင်မာမှုတွေရတယ်။   စည်းကမ်း စနစ်တကျနဲ့ နေတတ်ထိုင်တတ်လာတယ်။ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင် တတ်တဲ့ စိတ်ပိုရှိလာတယ်။  မိတ်ဆွေအပေါင်းအသင်းတွေရခဲ့တယ်။  အဲဒီအကျိုးကျေးဇူးတွေကြောင့် ကျွန်တော့် အနေနဲ့ ဒီသင်တန်းရဲ့ ကောင်းကျိုးတွေကို သိလာပြီး အခုလိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။   မတက်ဖြစ်သေးတဲ့ သူငယ်ချင်းတွေကိုလည်း တက်စေချင်တယ်။ အပြင်မှာ ပိုက်ဆံပေးပြီး သင်လို့မရတဲ့ အကျိုးကျေးဇူးတွေ   အများကြီးဆိုတာ ကိုယ်တိုင်တက်ကြည့်ရင် သိလာမှာဖြစ်လို့ ဒီသင်တန်းတွေကို တက်ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။ အခြေခံသင်တန်းတက်နေကြတဲ့ ညီလေး၊ ညီမလေးတွေ သူငယ်ချင်းတွေကိုလည်း စိတ်မပျက်ကြပါနဲ့။ သင်တန်းနဲ့အိမ်မှာနေရတာ ကွာခြားမှုတော့ရှိတာပေါ့။ ဒါပေမဲ့ သင်တန်းရက်လေးရတာနဲ့ သင်တန်းပေါ်မှာ အသားကျသွားမှာပါ။ အားလုံးအဆင်ပြေသွားမှာ ပါလို့ ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်ရည်မှန်းချက်တွေကတော့ နိုင်ငံကိုအကျိုးပြုမယ့်၊ သတင်း မှန်တွေကို တင်ဆက်ဖော်ပြပေးမယ့် မီဒီယာသမား တစ်ယောက်ဖြစ်ချင်ပါတယ်။

မငုဝါလှိုင်၊ ရေကြောင်းလူငယ်

(အခြေခံသင်တန်းသူ)

ကျွန်မကတော့ နေပြည်တော် အ.ထ.က(၄) အထက်တန်းကျောင်းကနေ လာတက်တာပါ။ လာမယ့် နှစ်မှာ Grade-11 တက်မှာပါ။ လယ်ဝေးမြို့နယ်မှာနေပါတယ်။ ဒီသင်တန်းတက်ရောက်ဖြစ်တာကတော့ သင်တန်းမှာ ရေတပ်ပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ လှေလှော်ရွက်တိုက်တာတွေ၊ စစ်ရေးပြ တွေကို စိတ်ဝင်စားတဲ့အတွက် စာရင်းပေးပြီးတက်ခဲ့တာပါ။ သင်တန်းရောက်တာ နှစ်ရက်ရှိပါပြီ။  သင်တန်းမှာ ဆရာ၊ ဆရာမတွေကလည်း ဂရုစိုက်ပါတယ်။ သူငယ်ချင်းအသစ်တွေရလို့လည်း     ပျော်ရွှင် ရပါတယ်ရှင်။ အနာဂတ်မှာ တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုရင် စိတ်ဝင်စားတဲ့ တပ်မတော်(ရေ)မှာပဲ တာဝန်ထမ်းဆောင်ချင်ပါတယ်။

ဗိုလ်ကြီးဇင်နိုင်ထွန်း

(သင်တန်းနည်းပြ)

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှာ ကျွန်တော့်အနေနဲ့ တာဝန်ယူ သင်ကြား ပို့ချပေးမယ့် ဘာသာရပ်တွေကတော့   စာပေပိုင်းအနေနဲ့ လေယာဉ်ပျံသန်းမှု အခြေခံ သဘောတရား ဘာသာရပ်အပြင် RC လေယာဉ်၊ ရဟတ်ယာဉ် Simulator ပိုင်းဆိုင်ရာနဲ့ လက်တွေ့ ပိုင်းဆိုင်ရာ တွေကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းကို လာတက်ကြတဲ့ လူငယ် မောင်မယ်တွေ အနေနဲ့  အပြင်မှာမမြင်ဖူးသေးတဲ့  လက်တွေ့ အနီးကပ်လေ့လာခွင့်ရမယ်။  သင်တန်းက သင်ကြား ပို့ချပေးတဲ့ လေကြောင်းဆိုင်ရာ ပညာရပ်တွေကို ကိုယ်တိုင်ထိတွေ့ ဆည်းပူးခွင့်ရရှိမှာ ဖြစ်တဲ့အပြင် လေယာဉ်တစ်စင်းကို ဘယ်လိုဖွဲ့စည်း တည်ဆောက်ထားတယ်၊ ဘယ်လို အစိတ်အပိုင်း တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတဲ့ လေကြောင်းဆိုင်ရာ အသိပညာဗဟုသုတများစွာကို လေ့လာ ဆည်းပူးခွင့်ရရှိစေမှာ ဖြစ်ပါတယ်။ လေကြောင်းဆိုင်ရာ အသိပညာတွေကို ပထမဆုံးအနေနဲ့  မိတ်ဆက်ပေးလိုက်တာပါ။ အဲဒီကနေ သူတို့ရဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး အနာဂတ် မျိုးဆက်သစ် များစွာပေါ်ထွန်းလာမယ်လို့ ယုံကြည်ပါတယ်။

မောင်ဖြိုးမောင်မောင်သာ

လေကြောင်းလူငယ်

(အခြေခံသင်တန်းသား)

ကျွန်တော့်အနေနဲ့ ဒီလေကြောင်းဆိုင်ရာ     သင်တန်းကို စိတ်ပါဝင်စားလို့ တက်ရောက်ခြင်း ဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ခြင်းကြောင့် သူငယ်ချင်းအသစ်တွေ ထပ်မံရရှိလာတယ်။ လေယာဉ် အမျိုးအစားများစွာကို တွေ့မြင်ခွင့်ရပြီး ကျွန်တော်တို့မသိ သေးတဲ့ လေယာဉ်အမျိုးအစားတွေကိုလည်း မြင်တွေ့ခွင့်၊ လေ့လာခွင့်ရတဲ့အတွက် အသိပညာအသစ်တွေလည်း တိုးပွားလာပါတယ်။ လေယာဉ် အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ပြီးနိုင်ငံတော်အတွက်၊ တပ်မတော်အတွက် အားကိုး အားထားပြုရတဲ့ ပိုင်းလော့ကောင်း တစ်ယောက်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကို တက်ရောက် ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကဖွင့်လှစ်ပေးတဲ့ ဒီသင်တန်းမှတစ်ဆင့် နိုင်ငံတော်အတွက် တိုင်းပြည် အတွက် အားကိုးအား ထားပြုရတဲ့ပိုင်းလော့ကောင်း တစ်ယောက်ဖြစ်အောင် ဆက်လက် လေ့လာ သင်ယူပြီး နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်အောင် ကြိုးစား သွားမှာပါ။

မရှင်းသန့်လွင်၊ လေကြောင်းလူငယ်

(အခြေခံသင်တန်းသူ)

ဒီသင်တန်းကို ပညာရေးဌာနကနေ တစ်ဆင့်ကြားသိခဲ့ရလို့ စာရင်းပေးသွင်းပြီး တက်ရောက်ရခြင်း ဖြစ်ပါတယ်။ သင်တန်းကို တက်ခွင့်ရတဲ့အတွက် လေယာဉ်နဲ့ပတ်သက်ပြီး မသိသေးတဲ့ အသိပညာ အသစ်တွေ၊ ဗဟုသုတအသစ်တွေ ထပ်မံရရှိတဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ ဒီသင်တန်း ကနေတစ်ဆင့် လေ့လာသိရှိခဲ့ရတဲ့ အသိပညာတွေ၊ ဗဟုသုတတွေကိုအခြေခံပြီး လေကြောင်းဆိုင်ရာ တွေကို ဆက်လက်လေ့လာပြီး အနာဂတ်မှာ နိုင်ငံ တော်အတွက် အားကိုးအားထားပြုရတဲ့ အမျိုးသမီး ပိုင်းလော့ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

လင်းကြည်လင်း၊

ပြည့်ဖြိုး(မြဝတီ)