ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ မိုင်းခွန်ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း တိုက်၌ ရှင်အပါး(၁၀၀)ရှင်ပြု အလှူတော်မဟာမင်္ဂလာပြုလုပ်            

 

ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ မိုင်းခွန်ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း တိုက်၌ ရှင်အပါး(၁၀၀)ရှင်ပြု အလှူတော်မဟာမင်္ဂလာပြုလုပ်            

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၃          

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ရှင်အပါး (၁၀၀)ရှင်ပြုအလှူတော်မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိုင်းခွန် ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ သံသရာအေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောသလ္လ အမှူးပြုသော ဆရာတော်၊ သံဃာတော် များကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်‌ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြ သော ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား‌တော် များကို နာယူကြသည်။ ထို့နောက်   တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပြီး မိုင်းခွန်ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက် သာသ နာပြု ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေသရ မှ ကျေးဇူးတင်စကား ပြောကြားကာ အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်သည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ  ဝိဇယ ထံမှ သာဓုအနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ဆရာတော်၊ သံဃာတော်များနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး တက်ရောက်လာကြသူများအား အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ ကြောင်း သတင်းရရှိသည်။