၂၀၂၄ ခုနှစ်၊ လူရည်ချွန်စုရပ်စခန်း အသီးသီးသို့သွားရောက်မည့် ရန်ကုန်တိုင်းဒေသ ကြီးမှ လူရည်ချွန်မောင်မယ်များအားဂုဏ်ပြုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

၂၀၂၄ ခုနှစ်၊ လူရည်ချွန်စုရပ်စခန်း အသီးသီးသို့သွားရောက်မည့် ရန်ကုန်တိုင်းဒေသ ကြီးမှ လူရည်ချွန်မောင်မယ်များအားဂုဏ်ပြုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၃

၂၀၂၄ ခုနှစ်၊ လူရည်ချွန်စုရပ်စခန်း အသီးသီးသို့သွားရောက်မည့် ရန်ကုန်တိုင်း ဒေသကြီးမှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။