မြင်းခြံမြို့မှ ကျေးရွာ ၅ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း တု၊ သတင်းအမှားများကို မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ

 

မြင်းခြံမြို့မှ ကျေးရွာ ၅ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း တု၊ သတင်းအမှားများကို မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဆင်ချောင်းကျေးရွာ၊ ရန္တပိုကျေးရွာ၊ ကိုင်း ကျေးရွာ၊ ညောင်တိုကျေးရွာ တို့ကို ဧပြီလ ၂၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ PDF အမည်ခံအကြမ်းဖက်သမားများက မြင်းခြံမြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများမှ ငွေကြေးနှင့် စားနပ်ရိက္ခာများ ကောက်ခံခြင်း၊ ဒေသခံပြည်သူများကို အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် မတရားဖမ်းဆီးနှိပ်စက်နေကြောင်း အကြမ်းဖက်လုပ် ရပ်များကို လက်မခံသည့်ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များပါဝင်သည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများအနီးသို့သွားရောက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများ အတွင်းမှ လက်လုပ်လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ်အကာအကွယ်ပြု တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ ဒေသခံနေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများတွင် PDF အမည်ခံအကြမ်းဖက် သမားများဝင်ရောက်ပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း မရှိစေရန်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။