မြောင်းမြမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၁၁၄၉၅၀ စိုက်ပျိုးပြီးစီး

မြောင်းမြမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၁၁၄၉၅၀ စိုက်ပျိုးပြီးစီး

မြောင်းမြ၊ စိုက်ပျိုးရေး

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၁၁၄၉၅၀ အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး  ဦးကျော် မိုးဝင်း၏ ပြောပြချက်အရ သိရသည်။

မြောင်းမြမြို့နယ်၌ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါးလျာထားဧက ၁၁၃၁၁၅ ဧကကို ဇန်နဝါရီလ ပထမပတ် က စတင်စိုက်ပျိုးခဲ့ရာ ဧက ၁၁၄၉၅၀ အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါနွေစပါးများကို အခက်အခဲမရှိစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်၌  ယခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် နွေစပါးလျာထားဧက ၁၁၄၉၅၀ တွင် ဆင်းသုခ၊ မင်းဧရာ၊ ရက် ၉၀၊ GW-1၊ GW-3၊ ထိုင်းဘေးကြား စသည့် စပါးအမျိုးအစားများကို အများဆုံး စိုက်ပျိုး ထားကြောင်း သိရသည်။

သုတကျော်