ချမ်းမြသာစည်နှင့် လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

ချမ်းမြသာစည်နှင့် လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

နေပြည်တော်  ဧပြီ  ၂၃

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၁ ရက်  မွန်းလွဲ ၂ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်းနှင့် ၁၁၇ လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မအိမြတ်နန္ဒာထွန်း(ခ)ကေကေ အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့်  Happy Water သုည ဒသမ ၀၁၂ ကီလို၊ ကက်တမင်း သုည ဒသမ ၀၀၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိ မနန္ဒာလှိုင်၏နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့်  Happy Water သုည ဒသမ ၀၇၅ ကီလို၊ ကက်တမင်း ၁ ဒသမ ၃၆၄ ကီလိုအားလည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် စိတ်ပြောင်း ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သိန်းသန်းဦး(ခ)အားချင်အား ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက် ဖော်ထုတ်ခဲ့ရာ ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် မြင့်ဦး(ခ)အားချိုင်အား စိတ်ပြောင်း ဆေးဝါးများ ဖြစ်သည့် Happy Water သုည ဒသမ ၀၁၅ ကီလို၊ ကက်တမင်း သုည ဒသမ ၀၂ ကီလို၊ Ford မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၆ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မြရည် နန္ဒာရပ်ကွက်၊ ၅၅ လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားရှိ မြင့်ဦး(ခ)အားချိုင်၏နေအိမ်မှ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့်  Happy Water သုည ဒသမ ၂၈၅ ကီလို၊ ကက်တမင်း သုည ဒသမ ၂၉၇ ကီလိုတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ပန်ဟုန်း ကျေးရွာအုပ်စု၊ ဟိုနားပန် ကျမ်းကျေးရွာရှိ ရန်လူနှင့် ၎င်း၏ဇနီး မပါးရီ(ခ)မရင်ကော့တို့၏ တောင်ယာ တဲအား ဝင်ရောက်ရှာဖွေရာ  တဲအတွင်းမှ  ဘိန်းဖြူ သုည ဒသမ ၅၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၊ ဘိန်းစိမ်း ၃ ကီလို၊  လက်လုပ်သေနတ် (၄)လက်၊ မြန်မာငွေကျပ် ၇၈ သိန်းတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

(သတင်းစဉ်)