ရန်ကုန်တိုင်းဒေသကြီး နွေရာသီ အဆင့်မြင့် အားကစားသင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး နွေရာသီ အဆင့်မြင့် အားကစားသင်တန်းဖွင့်လှစ်

 

ရန်ကုန်  ဧပြီ  ၂၃

    ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပ သည်။

ရှေးဦးစွာ   ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား၊   သင်တန်းသူများအား အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ  ဥက္ကဋ္ဌများက Fitness Dance ၊ ဝူရှူး၊   ရိုးရာခြင်းလုံး၊ ကျွမ်းဘား အားကစားအဖွဲ့များ၏ သရုပ်ပြသမှုအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သရုပ်ပြ အားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

တိုင်းဒေသကြီးအဆင့် နွေရာသီအခြေခံ အားကစားနည်းကို ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်မှ ၂၉ ရက်အထိ အားကစားနည်း ၂၂ မျိုးဖြင့် အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုထပ်မံ၍ ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ယနေ့မှ မေလ ၂၁ ရက်အထိ အားကစားနည်း ၁၆ မျိုးဖြင့် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကာ    အားကစားနည်းအလိုက် စုစုပေါင်း သင်တန်းသား၊  သင်တန်းသူ  ၂၀၀၀  ဦး တက်ရောက်ကြကြောင်း  သိရသည်။