ကျိုင်းတုံမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

 

ကျိုင်းတုံမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား  ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းက ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့ရုံးခန်းမ၌ တွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများက မြိတ်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ် သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။