ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

 

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧပြီလ ၂၃ ရက် ညနေ ပိုင်းတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် တံပူစားကျေးရွာ၊ ကွင်းယားကြီး ကျေးရွာ၊ တရုတ်မှော်ကျေးရွာနှင့် မဲမဲကျေးရွာတို့ရှိ နေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၆၁ လုံး အမိုးလန် ပျက်စီးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာများသို့ ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပြည်တပ်နယ်မှ တာဝန်ရှိသူများက လေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။