ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက်အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက်အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

 

ရန်ကုန်  ဧပြီ  ၂၄

    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ  အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ     ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး   ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ အမှုဆောင်များ၊ တိုင်း၊ ခရိုင်၊မြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးများက ပထမနေ့ အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားသုံးယောက်တွဲ၊ အမျိုးသားလေးယောက်တွဲ၊ အမျိုးသမီးသုံးယောက်တွဲ၊ အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲများအား ပတ်လည်စနစ်ဖြင့်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အမျိုးသားအသင်း ၄၄ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်သည်။ ပြိုင်ပွဲကို ဧပြီလ ၂၉ ရက်အထိ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် လေ့ကျင့်ရေး အားကစားရုံ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး  အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲအား မေလ ၂၂ ရက် မှ ၃၀ ရက်ထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။