ကလေးနှင့်စမ်းချောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၂၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဧပြီလ ၂၂ ရက် ညနေ ၅ နာရီခွဲတွင် ကလေးမြို့နယ်၊ အင်ဒိုင်းကြီးကျေးရွာအုပ်စု၊ အင်ဒိုင်းလေးကျေးရွာ အနီးတွင် မင်းမင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ဆိုက်တွဲယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကို လည်းကောင်း။
ဧပြီလ ၂၃ ရက် ညနေ ၅ နာရီခွဲတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ဗားကရာလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ဝင်းကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။