အက်ဖ်အေဖလားပြိုင်ပွဲ ချန်ပီယံဆု ဆွတ်ခူးနိုင်မည့် အသင်းအနေဖြင့် ဆုကြေးငွေ ယူရို သုံးသန်းနှင့် ဒုတိယဆု ရရှိမည့်အသင်း ယူရို နှစ်သန်းရရှိမည်

 

အက်ဖ်အေဖလားပြိုင်ပွဲ ချန်ပီယံဆု ဆွတ်ခူးနိုင်မည့် အသင်းအနေဖြင့် ဆုကြေးငွေ ယူရို သုံးသန်းနှင့် ဒုတိယဆု ရရှိမည့်အသင်း ယူရို နှစ်သန်းရရှိမည်

 

    ယခုဘောလုံးရာသီ အက်ဖ်အေဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်မည့် အသင်းအနေဖြင့် ဆုကြေး ငွေအဖြစ် ယူရို သုံးသန်းရရှိမည်ဖြစ်ပြီး ဒုတိယဆုရရှိမည့် အသင်းအနေဖြင့်  ယူရို  နှစ်သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

    ယခုဘောလုံးရာသီ အက်ဖ်အေဖလား ပြိုင်ပွဲတွင်ရရှိမည့် ဆုကြေးငွေများ စာရင်းထွက်ပေါ်ခဲ့ရာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့်  မန်ယူအသင်းနှင့်  မန်စီးတီးအသင်းတို့ အနေဖြင့် ဆုကြေးငွေ ယူရို တစ်သန်းစီ ရရှိမည်ဖြစ်ပြီး   ဗိုလ်လုပွဲတွင်   ချန်ပီယံဆုဆွတ်ခူးနိုင်မည့် အသင်းအနေဖြင့် နောက်ထပ်ဆုကြေးငွေအဖြစ် ယူရို နှစ်သန်း ရရှိမည်ဖြစ်ကာ ဒုတိယဆုရရှိမည့် အသင်းအနေဖြင့် ယူရိုတစ်သန်း ထပ်မံရရှိမည်ဖြစ်သည်။ ချန်ပီယံဆု ဆွတ်ခူးနိုင်မည့် အသင်းအနေဖြင့် စုစုပေါင်း ယူရို သုံးသန်းရရှိမည်ဖြစ်ကာ ဒုတိယဆုရရှိမည့် အသင်းအနေဖြင့် ယူရိုနှစ်သန်း ရရှိမည်ဖြစ်သည်။

    ယခုဘောလုံးရာသီ အက်ဖ်အေဖလားပြိုင်ပွဲတွင် ရရှိမည့်ဆုကြေးငွေ ပမာဏသည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရရှိမည့်ဆုကြေးငွေပမာဏနှင့် ယှဉ်လျှင်  အဆပေါင်း များစွာ ကွာခြားမှုရှိနေပြီး    ချန်ပီယံလိဂ်ပြိုင်ပွဲတွင်  ချန်ပီယံဆု ဆွတ်ခူးနိုင်မည်ဆိုပါက စုစုပေါင်းဆုကြေး ငွေ ယူရို သန်း ၂၀ ရရှိမည်ဖြစ်ကာ ဒုတိယဆုရရှိသည့် အသင်းအနေဖြင့် ယူရို ၁၅ ဒသမ ၅ သန်းရရှိမည် ဖြစ်သည့်အတွက် များစွာကွာခြားမှု ရှိနေကြောင်း သိရသည်။