နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ သြဝါဒခံယူပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုနှင့် ပြခန်းများ ခင်းကျင်းနေမှု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဧပြီ  ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ သြဝါဒခံယူပွဲအခမ်းအနားအတွက် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC II) ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုနှင့် ပြခန်းများခင်းကျင်းနေမှုတို့ကို ယနေ့ညနေပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သွားရောက် ကြည့်ရှုစစ်ဆေး အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ခန်းမအတွင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   အနုပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ရန် လေ့ကျင့်နေမှုကို ကြည့်ရှု စစ်ဆေးအားပေးသည်။

ထို့နောက် ဝန်ကြီးဌာနအလိုက် ခင်းကျင်း ပြသရန် ပြင်ဆင်ဆောင်ရွက်နေသည့် ပြခန်းများကိုကြည့်ရှုပြီး  တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီးဌာန ၂၃ ခုမှ ပြခန်းပေါင်း ၇၆ ခန်းခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)