နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ  ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည်   တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့်   လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိရာ ဧပြီလ ၈ ရက်မှ  ဧပြီလ ၂၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း (၅၂ ဒသမ ၉၆၉၂) တန်၊ သစ်မာ (၁၆၄ ဒသမ ၂၅၀၈) တန်၊  အခြား  (၄၂၀ ဒသမ ၄၃၃၂) တန်၊ စုစုပေါင်း (၆၃၇ ဒသမ ၆၅၃၂) တန်၊ ယာဉ်/ယန္တရား  (၁၂) စီး၊ တရားခံ (၂၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)