ပိုလန်တွင် ဖွင့်လှစ်မည့် နျူကလီးယားစက်ရုံများ စစ်ရေးပစ်မှတ်များ ဖြစ်လာနိုင်ဟု ရုရှားသတိပေး

 

ပိုလန်တွင် ဖွင့်လှစ်မည့် နျူကလီးယားစက်ရုံများ စစ်ရေးပစ်မှတ်များ ဖြစ်လာနိုင်ဟု ရုရှားသတိပေး

 

    ပိုလန်နိုင်ငံတွင် နေတိုးတပ်ဖွဲ့က အမြဲတမ်း ဖွင့်လှစ်မည့်  နျူကလီးယား စက်ရုံများမှာ ရုရှား၏ စစ်ရေးပစ်မှတ်များ ဖြစ်လာနိုင်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယရက်ကော့က ဧပြီလ ၂၅ ရက်တွင် သတိပေး ပြောကြားသည်။

နေတိုးတပ်ဖွဲ့၏ ပူးတွဲနျူကလီးယား စီမံကိန်းများကို ချဲ့ထွင်ခြင်းသည် တည်ငြိမ်မှုကို ပျက်ပြားစေသည့် သဘောသဘာဝရှိပြီး ခြိမ်းခြောက်မှုဖြစ်ကြောင်း ဆာဂျီ ယရက်ကော့က TASS  သတင်းအေဂျင်စီနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောခြင်းဖြစ်သည်။ ထို့ပြင် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက ရုရှားနယ်စပ်အနီးတွင် နျူကလီးယားအစီအစဉ်များကို  တိုးမည့် ချဉ်းကပ်လုပ်ဆောင်မှုသည် ရုရှား၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ပိုမိုကြီးထွားစေကြောင်း ၎င်းကဆက်ပြောသည်။

ပိုလန်နှင့် ရုရှားနယ်စပ်အနီးရှိ အခြားဒေသများတွင် နျူကလီးယားစက်ရုံများ တိုးချဲ့မည့်  အစီအစဉ်နှင့်စပ်လျဉ်း၍ ဝါဆောမြို့တော်၌ နိုင်ငံရေးသမားများကြား ဆွေးနွေးလျက်ရှိပြီး ယင်းအစီအစဉ်အား ရုရှားအစိုးရက အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

နေတိုးတပ်ဖွဲ့၏ နျူကလီးယားဝေမျှရေး သဘောတူညီချက်ပါ မူဘောင်အရ လိုအပ်ပါက နျူကလီးယားလက်နက်များအား ပိုလန်နိုင်ငံအတွင်း၌ ဖြန့်ကြက်နိုင်မည့် အလားအလာနှင့်စပ်လျဉ်း၍    ပိုလန်အစိုးရက အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမှုများကို  လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။