ခေါင်လန်ဖူး- ဆရမ်ဖာလမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ခေါင်လန်ဖူး- ဆရမ်ဖာလမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ခေါင်လန်ဖူး၊ ဒေသဖွံ့ဖြိုးရေး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်   နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၃ သန်းဖြင့် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူးမှ ဆရမ်ဖာကျေးရွာသို့ ဆက်သွယ်သည့် လမ်း ၁၂ မိုင် ၄ ဖာလုံ အနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါ လမ်းအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် မြေလမ်း ၄ မိုင် စတင်ဖောက်လုပ်ပေးခဲ့ပြီး  လမ်းဖောက် လုပ်ပြီးစီးပါက ခေါင်လန်ဖူးမြို့နှင့် ဆရမ်ဖာကျေးရွာရှိ ကျေးရွာများမှ ဒေသထွက်ကုန်များကို ပူတာအိုမြို့ ပေါ်သို့ အချိန်တိုအတွင်း ပို့ဆောင်နိုင်တော့မည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘ၀ တိုးတက်မှုနှင့် ကုန်စည်စီးဆင်းမှုများကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် ကချင်ပြည်နယ်အတွင်း လမ်း/တံတား လုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာတို့အား အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။

(၅၀၀)