ယင်းမာပင်မြို့နယ်၌ နွေရာသီအခြေခံပန်းချီ သင်တန်းဆင်းပွဲကျင်းပ

ယင်းမာပင်မြို့နယ်၌ နွေရာသီအခြေခံပန်းချီ သင်တန်းဆင်းပွဲကျင်းပ

ယင်းမာပင်၊ လူမှုရေး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်၌ နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း    ကျောင်းသား၊ ကျောင်းသူများ    အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊   ပုံဆွဲခြင်းအတတ် ပညာဖြင့်    ကျောင်းသင်ခန်းစာများကို အထောက်အကူပြုစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံ ပန်းချီ သင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်က ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန သာယာအေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပြီး အခြေခံပန်းချီရေးဆွဲခြင်းမှသည် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည် အထိ လေ့ကျင့်ထားကြရန်နှင့် နောင်ဖွင့်လှစ်ပေးမည့် သင်တန်းများတွင်လည်း ယခု ကဲ့သို့တက်ရောက် နိုင်ရေး ကျောင်းသား မိဘများက ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဝင်းက သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးကျော်စွာဝင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သင်တန်း တွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မတ်လ ၂ ရက်မှ ဧပြီလ ၂၃ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့