တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဧပြီ  ၂၅

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ    ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဧပြီလ ၂၃ ရက်တွင် လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ အတွင်း၌ တရားမဝင် အခြားသစ်(၁၈ ဒသမ ၈၈၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၆၁၄၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဧပြီလ ၂၄ ရက်တွင် တောင်ဥက္ကလာပ မြို့နယ်၌ Toyota Mark II မော်တော်ယာဉ်(၂)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀)နှင့်  ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ Toyota Noah မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)တို့ကို  ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်တရုတ်နိုင်ငံထုတ် GI Pipe ကီလိုဂရမ် (၁၄၀၀၀) ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၀၈၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် MAN Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၂၉၇၄၁၄၆)ကို  ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ သာမညမှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Wai Wai Quick ခေါက်ဆွဲခြောက် ၁၄၉၄ ဘူး၊ TPF/MA ကြက်မောက်သီးစည်သွပ်ဘူး ၁၂၀၀ ဘူးနှင့် Golden Coin  ပြောင်းကော်မှုန့် ၄၆၀ကီလိုဂရမ်၊ သြစတြေးလျနိုင်ငံထုတ် JIP JIP Rocks Sparkling Shiraz Wine  ပုလင်း ၁၅၀  အပါအဝင် ကုန်ပစ္စည်း ၉ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၄၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့့်  Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၄၄၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ   အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ ဧပြီလ ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မုံရွာမြို့၊  စက်မှုဇုန်ရပ်ကွက်၌ တရားမဝင်အခြားသစ် (၄ ဒသမ ၁၈၉)တန်     (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၃၀၅၃၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ၂၄ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရသီရိခရိုင်တို့ အတွင်း၌ တရားမဝင် အခြားသစ် (၇ ဒသမ ၂၂၀)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၂၈၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီလ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃)မှု၊    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၇၆၁၉၅၀၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး     ဦးဆောင် ကော်မတီမှ သိရသည်။