ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကို စစ်မှုထမ်း ဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကို စစ်မှုထမ်း ဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် ဧပြီလ ၂၅ ရက်နေ့ က ဆိုင်ကယ်စီးနင်းလာသည့် လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မှန်ကန်မှု မရှိသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားတတ်မြောက်မှုမရှိစေ ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နိုင်ခြင်းမရှိစေရန်အတွက် ပြည်သူများ အထင်အမြင်လွဲမှားစေမည့် လုပ်ကြံသတင်းများ၊ ကောလာဟလသတင်းများ ကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိပါသည်။ ယခုဖြစ်စဉ်မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာများ တည်ငြိမ်အေးချမ်းမှု မပျက်ပြား စေရန်အတွက် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်နေမှုများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် လမ်းသွားလမ်းလာများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများမရှိကြောင်း သတင်းရရှိပါ သည်။