အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အခန်း(၃၆)
အောင်သည် ဂီတာကို “အောက်သံ”ခလုတ်တွေနှိပ်ကာ တီးတတ်သည်ဆိုရုံသာ ဖြစ်သော်လည်း အောင်ဆိုသော သီချင်း သံမှာ ဝေစည်လျက် နားထောင်၍ကောင်း လေသည်။
သီချင်းနာမည်က “ဒီတံခါးဟာ ရှေ့ နောက် လွဲနေပါတယ်”တဲ့ ဆိုသူက ဟာမင် ဟာမစ်။
ငယ်ငယ်က အောင်တို့ရဲ့ ကာယနည်းပြဆရာမ သင်ပေးတဲ့သီချင်းတဲ့။
သည်သီချင်းသွားထက် သီချင်းစာသား ကို အောင်နှစ်ခြိုက်လှသည်။
သည်သီချင်းကိုဆိုနေရင် စိတ်အားငယ် တာတွေ ပျောက်သွားသည်တဲ့။
တစ်လောကများ အောင်ဟာ ရေကန်ဘေး သစ်ပင်အောက်တွေမှာ တစ်ယောက်တည်းထိုင်နေရင် သည်သီချင်းကို ဆိုနေတာပဲတဲ့။
အနှောင့်အယှက် ကင်းမယ်ထင်တဲ့ နေရာတွေမှာပေါ့။
တဒင်္ဂမဟန်မျှတော့ အပူငြိမ်းသည်။
လောကတွင် ဆန့်ကျင်ဘက်တရားတွေ ကတော့ရှိနေမှာပဲ။
ရှေးသူဟောင်းတို့ ဆိုစကားအရ ကိုယ့် ကိုယ်ထဲမှာတောင်ရှိနေကြတဲ့ ကိုယ်စောင့် နတ် ၁၂ ပါးမှာ ခြောက်ပါးက နတ်ကောင်း၊ ခြောက်ပါးက နတ်ဆိုးတဲ့။
အမှန်လုပ်ဖို့ကို နတ်ကောင်းက တိုက်တွန်းတယ်။
အမှားလုပ်ဖို့ နတ်ဆိုးက နှိုးဆော်တယ် တဲ့။
ဒါတွေတွေးမိရင်တော့ အောင်သတိ တရားရတတ်သည်။
လေတွင် လွင့်ပါးတတ်သော အောင် ပေမယ့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်သော အောင်ဟာ ဘယ်တော့မှလည်း ပျက်စီးနိုင်မယ်မထင်ပါဘူး။
အောင်ဆိုတာ အောင်တစ်ယောက် တည်းမဟုတ်။
အောင်တို့အုပ်စုအားလုံးကိုလည်း ဆို နိုင်တယ်။
အောင်တို့အုပ်စုထက်ပို၍ ကျယ်ကျယ် ပြန့်ပြန့်တွေးလျှင်တော့ လူငယ်အုပ်စုပေါ့။
သည်လူငယ်တွေရဲ့ အရေအတွက်သာ များပါစေလို့ အောင်ဆုတောင်းနေရတယ်။
လူငယ်တွေဟာ အနာဂတ်ကိုပိုင်တယ်။
လူငယ်တို့ရှေ့ရေးကို မြင်နေရတယ်။
တက်သစ်စနေမင်းလို ထွန်းလင်းတောက်ပြောင်နေတဲ့ လူငယ်ဘဝပေပဲ။
သည်ထဲမှာ အပျက်အစီးခံ လူငယ်က နှစ်မျိုး။
လေလွင့်ရွက်ဝါလို ပျက်စီးခြင်းလမ်းဆုံးသို့ တွန်းပို့ခြင်းခံရသော လူငယ်တွေက တစ်မျိုး။
အသက်ငယ်ငယ်လေးနှင့် တစ်ကိုယ် ကောင်းဆန်စွာ အခွင့်အရေးကို မျှော်ကိုး တတ်တဲ့ လူငယ်တွေကတစ်မျိုး။
သည်အမျိုးအစားထဲ အောင်တို့မပါတာတော့ သေချာပါတယ်။
နေ့လယ်က အောင်နှင့်ချောစုတို့ဆီ တစ်ပြိုင်နက်ရောက်လာကြသော ဗလနှင့် ဒေဝတို့၏စာကို အမှတ်ရမိသေးသည်။
ဗလကတော့ နယ်မှာ အငယ်တန်း စာရေးဘဝနဲ့ ဇာတ်မြှုပ်နေရပြီ။
ကိုယ့်ကိုယ်ကိုယ် မနည်းအညွန့်တက် အောင် ဖတ်သင့်ဖတ်ထိုက်တဲ့စာတွေ ဖတ် နေရတယ်တဲ့။
ကျောင်းတုန်းက တက်နေတဲ့အညွန့် လေးကို မနည်းရှင်အောင် ရေလောင်း ရသတဲ့။
ဘဝဟာ ရှင်လျက်နဲ့ သေရတာအဆိုး ဆုံးပဲတဲ့။
ဒါကြောင့် ဘွဲ့ရသွားပေမယ့် အိမ် ထောင်ပြုဖို့ လုံးဝစိတ်မကူးရဲပါဘူးတဲ့။
ဒေဝကတော့ ရှိစုမဲ့စု အရင်းအနှီးတွေ နဲ့ ကင်းလွတ်ကုန်တွေ ကူးနေတယ်တဲ့။
သည်ကုန်ကိုတင်ရင်း ရန်ကုန်ကို ရောက် အောင်လာဦးမတဲ့။
သူ့ဘဝကတော့ လက်လှုပ်မှ ပါးစပ် လှုပ်ရတဲ့ဘဝပါတဲ့။
အောင်တွေးသလို မိုးရေထဲ လမ်းလျှောက်တာ အရသာတစ်မျိုးဆိုရင် သည် အရသာကို သူမကြာခဏ ခံစားနေရပါ သတဲ့။
သူ သည်အလုပ်နဲ့မဟန်ရင် ရန်ကုန်ကို ပြောင်းလာပြီး အောင့်လိုပဲ အပြင် ဆောင်မှာနေ၊ သန်လျင်သွားတဲ့ သီတာ သင်္ဘောပေါ်မှာ “အဖိုးနည်းတာက ပုဆိုး ကွဲတဲ့ လျက်ဆား”ကို ရောင်းတော့မယ်တဲ့။
ဒေဝက ရယ်စရာလို ရေးလိုက်သော်လည်း အောင်နှင့်ချောစုတို့ ဒေဝနှင့်ဗလ စာတွေကို နှစ်ယောက်သား ခေါင်းချင်း ဆိုင်ကာဖတ်ကြပြီး တသောသောရယ် မောလျက်က မျက်ရည်တွေလည်မိကြ သေးသည်။
အခန်း (၃၇)
ခရစ္စတင်းဆိုသူအလှမယ်သည် နောက် ဆုံးပေါ်ကားမျိုးစုံပေါ်ပါပါသွားဆဲ။
ရင်ရင်ထိုက်(သူယောင်မယ်)နှင့် ဖြူဖြူ (ပျာကလတ်)တို့ကလည်း ဘွဲ့ရလုဆဲဆဲ ဘယ်လိုအိမ်ထောင်ဖက်မျိုးကို ရွေးချယ်ရ မည်လဲဟု ရွှေချိန်သလို ချိန်သားကိုက်နေ ကြလေသည်။
မိုးကုတ်သူဌေးလား၊ ဆရာဝန်လား၊ ဒီအက်စ်အေကျောင်းဆင်းလား၊ မဟုတ်ရင် အင်ဂျင်နီယာလား။
အရွယ်ကောင်းလေးတွေ ဘယ်လောက်များ နှမြောဖို့ကောင်းသလဲ။
အောင်က လူကြီးသူမလိုတွေးသည်။
ခရစ္စတင်းဆိုတာ လှကလှနှင့်။
ပညာကလည်း အမ်အက်စီကွာလီဖိုင်း တောင် အောင်ပြီးပြီဆိုပဲ။
မနက် ၇ နာရီ၊ ၈ နာရီကြားဆို ရေချိုး တဲ့နေရာနှင့် ရေချိုးခန်းကိုလုရသည်။
အောင်က ရေကိုအပြင်မှာ မချိုးတတ်။
ပြီးတော့ ချောစုနှင့် ဆန်းဆန်းမြင့်တို့က မနက်အချိန်တူကြသဖြင့် သူတို့တစ်တွဲ ချိုးသည့်နေရာကို လိုက်သွားပြီး ရေချိုး ခန်းအားမည့်အချိန်ကို စောင့်ရသည်။
မိုးတွင်းဆိုတော့ ရေလဲပြဿနာက လည်းရှိသဖြင့် ချောစုနှင့် ဆန်းဆန်းမြင့် တို့ ကျောချင်းကပ်ပြီး ရေချိုးနေကြလေသည်။
ဆက်လက်ဖော်ပြပါမည်။