အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်သင့်ဟု ဝမ်ယီက အမေရိကန်အား တိုက်တွန်း

 

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်သင့်ဟု ဝမ်ယီက အမေရိကန်အား တိုက်တွန်း

 

    အမေရိကန်ပြည်ထောင်စုအနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင်   တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ဧပြီလ ၂၆ ရက်တွင် တိုက်တွန်းလိုက်သည်။

ထို့ပြင်  အာရှ-ပစိဖိတ်ဒေသသည် အင်အားကြီးနိုင်ငံများ၏ အင်အားပြိုင်ဆိုင်ရာ ဒေသတစ်ခု မဖြစ်သင့်ကြောင်း ဝမ်ယီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် မြို့တော်ပေကျင်း၌ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

အမေရိကန်အစိုးရ အနေဖြင့် မှန်ကန်သော ရွေးချယ်မှုကို လုပ်ဆောင်၍ အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု   မျှော်လင့်ကြောင်း၊ ဒေသတွင်းရှိ နိုင်ငံများကိုလည်း  သူ့ဘက်၊ကိုယ်ဘက်ပါလာစေရန်  ဖိအားပေးခြင်းမှ ရှောင်ရှားကာ    မြေပြင်အခြေပြု တာလတ်ပစ်ဒုံးကျည်များကို   ဒေသတွင်း၌ ဖြန့်ကြက်ခြင်းအား  ရပ်ဆိုင်းရန် တရုတ်နိုင်ငံက တိုက်တွန်းထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို လျော့ပါးစေရန် လုပ်ဆောင်ခြင်းကိုပါ    ရပ်တန့်ပစ်ရန် ဝမ်ယီက  ဆက်လက် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဝမ်ယီသည်  လက်ရှိတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး တရုတ်ကွန်မြူနစ် ဗဟိုကော်မတီ၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ဦးလည်း ဖြစ် ကြောင်းသိရသည်။