အပူလှိုင်းဖြတ်သန်းမှုကြောင့် သန်းပေါင်းများစွာသော ကျောင်းသားများအား နေအိမ်တွင် နေထိုင်ကြရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

 

အပူလှိုင်းဖြတ်သန်းမှုကြောင့် သန်းပေါင်းများစွာသော ကျောင်းသားများအား နေအိမ်တွင် နေထိုင်ကြရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

 

     ဘင်္ဂလားဒေ့ရှ်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် စာသင်ကျောင်းများကို အာဏာပိုင်အဖွဲ့က ခေတ္တပိတ်ပစ်၍ သန်းပေါင်းများစွာသော ကျောင်းသား၊ ကျောင်းသူများအား နေအိမ်တွင်သာ နေထိုင်ကြရန် တိုက်တွန်းလိုက်သည်။

ယခုရက်သတ္တပတ်အတွင်း နိုင်ငံအတွင်း၌ အပူချိန်သည်   စံချိန်တင်မြင့်တက်ခဲ့ပြီး  သာမန်အပူချိန်ထက် လေးဒီဂရီမှ ငါးဒီဂရီ အထိ   ဆက်လက်မြင့်တက် လာနိုင်သော ကြောင့် ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့၏ နေအိမ်များတွင်သာ နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့ရခြင်း ဖြစ်သည်။ ဒါကာမြို့တော်ရှိ  စာသင်ကျောင်းအနည်းငယ်တွင်   လေအေးပေးစက်များ တပ်ဆင်ထားသော်လည်း   မြင့်တက်လာသည့်အပူချိန်ကို လျှော့ချနိုင်ခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အပူချိန်သည် ၄၂ ဒီဂရီကျော်အထိ မြင့်တက်လာခြင်းကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများမှာ ဘာသာရေး   အဆောက်အအုံများနှင့် ကျေးလက်ဒေသသို့ သွားရောက်ကာ အပူရှောင်ခဲ့ရကြောင်း သိရသည်။

ပိုမိုပြင်းထန်ပြီး အချိန်ကြာမြင့်စွာ အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပွားခြင်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း   သိပ္ပံနည်းလမ်းက ျလေ့လာမှုများတွင် ဖော်ပြထားကြောင်း သိရသည်။