မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်စင်တာ ခန်းမ၌ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဧည့်ခံပွဲ ကျင်းပပြုလုပ်

 

မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်စင်တာ ခန်းမ၌ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဧည့်ခံပွဲ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၇

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧကာဒသမတန်း(ငွေဆောင်လူရည်ချွန်စခန်း)နှင့် ဒွါဒသမတန်း(ချောင်းသာလူရည်ချွန်စခန်း)များသို့ သွားရောက်မည့် လူရည်ချွန်မောင် မယ်များအား ကြိုဆိုဧည့်ခံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန် စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြား သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့နှင့် လူရည်ချွန်မောင်မယ်များက အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု့အားပေးကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေ များ ချီးမြှင့်ပေးအပ်ကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဧကာဒသမတန်း (ငွေဆောင်လူရည်ချွန်စခန်း)နှင့် ဒွါဒသမတန်း(ချောင်းသာလူရည်ချွန်စခန်း)သို့ သွား ရောက်မည့် လူရည်ချွန်မောင်မယ်များ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားမှုအား နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။