YMBA အသင်းကြီး နှစ်(၁ဝဝ)ပြည့် အမျိုးသားအောင်ပွဲနေ့ ရင်တွင်းစကားသံများ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA သည် ၁၉ဝ၆ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အသင်း၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကြီးပွားတိုးမြှင့်ရေးအတွက် ယနေ့အချိန်ထိ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားရေးအသင်းကြီးဖြစ်သည်။ အသင်းကြီးစတင်ဖွဲ့စည်းပြီး ၁၄ နှစ်အကြာ ၁၉၂ဝ ပြည့်နှစ်တွင် အမျိုးသားနေ့ဖြစ်ပေါ်လာကာ အမျိုးသားရေးအသင်းကြီး ဖြစ်သည့့် YMBA အသင်းကြီးသည် ဒီဇင်ဘာ ၉ ရက်တွင် နှစ်(၁ဝဝ)ပြည့် အမျိုးသားအောင်ပွဲနေ့နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်သည့် မင်္ဂလာအခမ်းအနားကို Video Conferencing စနစ်ဖြင့် ကျင်းပရာ အဆိုပါအခမ်းအနားသို့ တက်ရောက်သူတို့၏ ရင်တွင်းစကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။

ဦးရဲထွန်း

(YMBA အသင်းဥက္ကဋ္ဌ)

ကျွန်တော်တို့ YMBA  အသင်းကြီး ကို  ၁၉ဝ၆  ခုနှစ်ကနေစပြီးတော့  တည်ထောင်ခဲ့တာ  နှစ်ပေါင်း  ၁၁၄  နှစ်ရှိပါပြီ။

YMBA တည်ထောင်ပြီးတော့ ၁၄ နှစ် အကြာ ၁၉၂ဝ ပြည့်နှစ်မှာ အမျိုးသားနေ့ဆိုတာ ဖြစ်ပေါ်လာတာပါ။ အမျိုးသားနေ့ ဖြစ်ပေါ်လာတာလည်း ၁၉၂ဝ ပြည့်နှစ်မှာ ကျောင်းသားတွေက ရွှေတိဂုံစေတီတော်  စနေထောင့်မှာ  အစည်းအဝေး လုပ်ကြတယ်။ အဲဒီမှာပဲ အမျိုးသားရေးစိတ်ဓာတ် တွေ  ပေါက်ဖွားလာကြတယ်။  နယ်ချဲ့ အင်္ဂလိပ် ကို   တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ အခုက COVID -19 ရောဂါဖြစ် ပွားနေတဲ့ကာလဖြစ်လို့ြဗြအသင်း ကြီး အနေနဲ့  အွန်လိုင်းက နေပြီးတော့  အဖွဲ့တစ်ခုဖွဲ့လိုက်တယ်။ အဲဒီအဖွဲ့ကနေ အဘိဓမ္မာ တရားတွေ၊ (၃၈)ဖြာ မင်္ဂလာသင် တန်းတွေ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေ အဲဒါတွေဖွင့်မယ်လို့ ကြေညာလိုက်တယ်။  

အွန်လိုင်းကနေ ဇသသာ ဗစစူငခအေငသည နဲ့  သင်တာဆိုတော့ အားလုံးကစိတ်ဝင်စားကြတယ်။ ဘယ်လိုပဲ စဉ်းစား စဉ်းစား ကိုယ့် တိုင်းပြည်ကိုချစ်ရမယ်။ အရင်ကတည်းက  စကားပုံရှိတာပဲ။ မြေမျို၍လူမျိုးမပျောက်၊  လူမျိုမှ လူမျိုးပျောက်မည်။ အဲဒီအတွက် ကြောင့် ဘာပဲဖြစ်ဖြစ် မူမပျောက်အောင်  လူမပျောက်သွားအောင် မျိုးချစ် စိတ်ဓာတ် တွေရှိရမယ်။ သာသနာကိုချစ်တတ်ရမယ်။ YMBA အသင်းကြီးကနေပြီးတော့  တစိုက်မတ်မတ် လုပ်လာတာ    နှစ်ပေါင်း များစွာရှိပါပြီ။ အခုလိုအခမ်းအနားကြီးတွေ  ကျင်းပခဲ့တာများပါပြီ။  အခု ဆိုရင် YMBA အသင်းကြီးမှာ အသင်းခွဲ ၂၆၃  သင်းရှိပါပြီ။ မြို့နယ်တွေ၊ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေမှာရှိတဲ့   အသင်းဥက္ကဋ္ဌ အားလုံးကလည်း  သူတို့ဒေသအလိုက်  အသင်းခွဲတွေဖွင့်တယ်။ ဒီထက်လည်းလိုတာ တွေဖွဲ့မယ်။ တစ်ကမ္ဘာ လုံးမှာလည်း ဖွဲ့ဖို့ အတွက် အခုဆိုရင် ဂျပန်နိုင်ငံမှာ ဖွဲ့ပြီး နေပြီ။ ပြီးရင် ထိုင်း၊ အမေရိကန်နိုင်ငံတို့ မှာဖွဲ့မယ်။  နောက်ပြီး  နိုင်ငံအားလုံးမှာ  ဖွဲ့ဖို့လုပ်ထားပါတယ်။ ဒါမှလည်း ကိုယ့် အမျိုးကို ချစ်တတ်လာမယ်။ မြန်မာတွေ ဆိုတာလည်း ကမ္ဘာမှာ ထင်ရှားလာမယ်။

ဦးစိန်သန်း

(YMBA အသင်း တွဲဖက်ဥက္ကဋ္ဌ)

ကလေးသူငယ်တွေ အိမ်ထဲမှာပဲနေတဲ့ အချိန်မှာ သင်ကြားပေးနိုင်ဖို့ အွန်လိုင်းကနေ ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ် သင်ကြားပေးနေပါတယ်။ ထို့အတူ လူကြီး တွေကိုလည်း   အဘိဓမ္မာ သင်တန်းကို  သင်ကြားပို့ ချဖို့ အတွက် အဘိဓမ္မာသင်ကြား ပို့ချချက်တွေကို စာအုပ်ထုတ်ထားပါတယ်။  သင်ကြားချင် တဲ့သူတွေ အနေနဲ့ြဗြ  အသင်းမှာ လာရောက် ထုတ်ယူနိုင်သလို ပို့ဆောင်ပေးတာလည်းရှိပါတယ်။ မြို့နယ်တွေမှာ  ဘာသာသာသနာ ပြန့်ပွားရေး အတွက် အဓိကထားပြီး ဆောင်ရွက်နေ ပါတယ်။ မကြာခင် အသင်းကြီးက မြန်မာ တစ်နိုင်ငံလုံး တိုးတက်ပြန့်ပွား လာမှာ ဖြစ်ပါတယ်။   ဒါကလည်း  အသင်းကြီးအနေ နဲ့ ၂ဝဝ၆ ခုနှစ် နှစ်(၁ဝဝ)ပြည့် ကတည်းက  ရှေ့လုပ်ငန်းစဉ် ၁ဝ ရပ် ချမှတ်ခဲ့ပါတယ်။

ဒီရှေ့လုပ်ငန်းစဉ်  ၁ဝ  ရပ်ထဲမှာ မြန်မာ တစ်နိုင်ငံလုံး မြို့နယ်အသင်းခွဲတွေဖွဲ့စည်းရေးဆိုတဲ့ အချက်ကို ရေးဆွဲ နိုင်ခဲ့ ပါတယ်။

အဲဒီရည်ရွယ်ချက်ကို    အခုအကောင် အထည်ဖော်နေပါတယ်။ အမျိုးသားနေ့ဆိုတာကို YMBA အသင်းကြီးမှာ ၁၉ဝ၈ ခုနှစ်ကတည်းက အသင်းစည်းမျဉ်းဆွဲခဲ့ပါတယ်။ အသင်းစည်းမျဉ်းမှာကိုက မြန်မာ နိုင်ငံရဲ့အမျိုးသားနေ့ကို မပျောက်ပျက်စေ ဖို့အတွက် အသင်းကြီးရဲ့ စည်းမျဉ်းစည်း ကမ်းမှာထည့်ပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသားနေ့ ဆောင်ရွက်ခဲ့ပါတယ်။ အခု နှစ် (၁ဝဝ)ပြည့် အမျိုးသားအောင်ပွဲနေ့ဖြစ် မြောက်ဖို့ အတွက် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က YMBA အသင်းကြီးရဲ့ ရာသက်ပန် နာယကကြီးဖြစ်နေတဲ့အတွက် နာယကကြီးကို တင်ပြတဲ့ အခါမှာ   သူ့ရဲ့ သက်တမ်းမှာ   နှစ်(၁ဝဝ)ပြည့်ဖို့ဆိုတာ လွယ်တာမဟုတ်တဲ့အတွက်      အခုလို  ထူးထူးခြားခြား ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း အမျိုးသားနေ့ မပျောက်ပျက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာအောင်မင်းကျော်သူ

(YMBA အသင်း ဒုတိယဥက္ကဋ္ဌ)

ရန်ကုန်တက္ကသိုလ်ကြီး နှစ်(၁ဝဝ)ပြည့်သလို အမျိုးသားအောင်ပွဲနေ့ နှစ်(၁ဝဝ)ပြည့်တဲ့အတွက် YMBA အသင်းမှာ ယနေ့ ကျွန်တော်တို့အမှုဆောင်တွေအနေနဲ့ ဂုဏ်လည်းယူတယ်။ ဒီပွဲကြီးကို COVID -19 ရောဂါကပ်ဆိုးကြီးဆိုက် နေတဲ့ အချိန် အခက် အခဲများစွာကြားက ကျင်းပနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကိုယ်တာဝန်ကျေ တယ်လို့ လည်း ခံယူတယ်။ YMBA ဆိုတာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတဲ့ ကဏ္ဍကြီးလေးရပ်နဲ့ ချီတက်နေတဲ့ အသင်း ကြီးဖြစ်ပါတယ်။  အခုဆိုရင် YMBA အသင်းကြီးက နှစ်ပေါင်း(၁၁၄)နှစ်နဲ့ (၁၁၅) နှစ်ကို ရောက်တော့မယ်။ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အသင်းကြီး ဖြစ်သလို မြန်မာလူမျိုးတွေ အမျိုးသားရေးစိတ်ဓာတ် စတင် ပေါက်ဖွားခဲ့တဲ့ အသင်းကြီးဖြစ်တယ်။

YMBA အသင်းကြီးက အမျိုး၊ ဘာသာ၊ သာသနာတော်အကျိုးကို တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ် တွေ ချီးမြှင့်ပေးပါတယ်။ နိုင်ငံတော်မှာက သူဌေးဘွဲ့တွေ၊ သာသနာပြုဘွဲ့တွေရှိတယ်။ အဲဒီလိုဘွဲ့ တွေရှိတဲ့ အချိန်မှာ မင်္ဂလာနဲ့ပတ် သက်တဲ့ဘွဲ့တွေမရှိဘူး။ မင်္ဂလာနဲ့ပတ်သက် တဲ့ (၃၈)ဖြာမင်္ဂလာလုပ်ငန်းကို ဆောင် ရွက်နေတာ YMBA သာရှိတယ်။ ယနေ့ အချိန်ကာလမှာ သာသနာတော်အတွက် ရော နိုင်ငံတော်အတွက်ပါ သာသနာတော် ရဲ့အဓိပတိဆရာတော်ကြီးတွေ ဦးဆောင်လို့ YMBA အသင်းကြီး နှစ်(၁ဝဝ)ပြည့် အမျိုးသားအောင် ပွဲနေ့ ဂုဏ်ပြုတဲ့ အနေနဲ့   ဆရာတော်ကြီးတွေကို အဘိဓဇ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိက ဘွဲ့ဆက်ကပ်တာပါ။

ယနေ့ဂုဏ်ပြုသောအားဖြင့် ဆရာတော် အရှင်သူမြတ်ကြီးတွေရဲ့သြဝါဒနဲ့အညီ၊မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ YMBA အသင်းခွဲတွေမှာရှိတဲ့ အသင်းသူ၊ အသင်း သားအားလုံးရဲ့ ညီလာခံဆုံးဖြတ်ချက်နဲ့ အညီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို  YMBA အသင်းကြီးက သတိုးသီရိ အဂ္ဂမဟာ မင်္ဂလဓမ္မ ဇောတိကဓဇ ဆိုတဲ့ ဘွဲ့ထူးကြီးကို ချီးမြှင့် ပါတယ်။ အမျိုးသား အောင်ပွဲနေ့ နှစ် (၁ဝဝ) ပြည့်အောင်ပွဲမှာ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို တစိုက် မတ်မတ် ဆောင်ရွက်ပေးနေတဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  သတိုး သီရိ အဂ္ဂမဟာမင်္ဂလ ဓမ္မ ဇောတိကဓဇဘွဲ့နဲ့ သတိုးသီရိအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ  စလွယ်တော်ကို ထိုက်ထိုက် တန်တန် ချီးမြှင့်တာဖြစ်ပါတယ်။ ဒီနှစ် ဘွဲ့တံဆိပ် ချီးမြှင့်မှာကတော့ ရဟန်းငါးပါးနဲ့  လူပုဂ္ဂိုလ် လေးဦး ရှိပါတယ်။  YMBA အသင်းကြီးဆိုတာ အမျိုး၊ ဘာသာ၊  သာသနာအကျိုးကို  တစိုက်မတ်မတ်ဆောင် ရွက်ပြီး တော့  ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး  နေရောင်လရောင်ပမာ  ထွန်းလင်း တောက်ပအောင်   ဆောင်ရွက် သွားမယ့် အသင်းကြီးဖြစ်ပါတယ်။

ဒေါက်တာအေးမင်း

(အဘိဓမ္မာပြန့်ပွားရေး)

COVID -19 ရောဂါကာလမှာ အဘိ ဓမ္မာသင်ကြားရေးကို ခဏရပ်ထားရတယ်။ လောလောဆယ်မှာတော့ ကလေး တွေကို ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားပေးနေ ပါတယ်။ ယဉ်ကျေး လိမ္မာမှာတော့ (၃၈)ဖြာ မင်္ဂလာတရား တော်ရယ်၊ ဗုဒ္ဓဝင်ရယ်၊ ဗုဒ္ဓ ဘာသာယဉ်ကျေးမှုရယ်၊ ပြည်သူ့နီတိရယ်၊ နောက်ပြီး ခေတ်ပေါ်ကတော့ ပြည်သူ့နီတိ ကိုသင် ပေးတာပါ။  ကလေးတွေအနေနဲ့ မင်္ဂလာတရားတော်နဲ့ နေတတ်၊ ထိုင်တတ်အောင်  ကျွန်တော်တို့က  မျက်စိဖွင့်၊  နားဖွင့်ပေးတဲ့သဘောပဲဖြစ်ပါတယ်။  ပြီးရင် သူတို့နေတတ်၊ ထိုင်တတ်အောင် လေ့ကျင့် ပေးဖို့ကတော့ အိမ်က မိဘတွေရဲ့ တာဝန်ပါ။

ဒီနေ့အခမ်းအနား ကတော့ဖြစ်နိုင်ရင် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တာပေါ့။ ဒီအခမ်းအနားတွေ လုပ်ခြင်းအားဖြင့်  တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေရဲ့စိတ်ထဲမှာ အမျိုး၊ ဘာသာ၊ သာသနာကိုချစ်မြတ် နိုးတဲ့စိတ်၊ ကာကွယ် လိုတဲ့စိတ်၊ ပညာတွေ ကြိုးစားလိုတဲ့စိတ်တွေ တိုးပွားလာမှာပါ။အမျိုးသားနေ့ဆိုတာက ရာဇဝင်လှန်ပြီး ပြောပြ နေတာတွေအပြင် လာမယ့်အနာဂတ်မှာ ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာကို လမ်းညွှန်ပေးတဲ့ နေ့ဖြစ်တဲ့ အတွက် ဒီလို အခမ်းအနားမျိုးက နောင်နှစ်(၁ဝဝ)ပြည့်ပြီး သည်တိုင်အောင် နောက်ပိုင်းမှာ မြန်မာနိုင် ငံကြီး တည်ရှိနေသရွေ့ ဆက်လက် ကျင်းပသင့်တဲ့ အခမ်းအနားလို့  ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။ အမျိုး သားရေး လုပ်တဲ့အခါမှာ သူ့တာဝန်၊ ကိုယ့်တာဝန်မခွဲခြားဘဲ   မျှထမ်းရွက်ကြမယ်ဆိုရင်  တိုင်းပြည်က  အမြန်ဆုံး တိုးတက် လာမှာပါ။

ဦးသော်ဇင်(ကျိုက်လတ်မြို့နယ် YMBA အသင်းအဖွဲ့ဝင်)

ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှာနေတဲ့  YMBA အသင်းရဲ့    အဖွဲ့ဝင်တစ်ဦးဖြစ်ပါ တယ်။

ကျိုက်လတ်မြို့မှာလည်း   ဗုဒ္ဓဘာသာပြန့် ပွားရေးအတွက် အသင်းကြီးကချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ဗုဒ္ဓဘာသာ အမည်နဲ့   စာမေးပွဲတွေလုပ်တယ်။   သင်တန်းတွေ ဖွင့်ပေးတယ်။ ယဉ်ကျေးလိမ္မာသင်တန်း၊  မင်္ဂလာ သင်တန်းနဲ့ အဘိဓမ္မာသင်တန်းတို့ ရှိပါတယ်။ အခုလို့ YMBA က ကျင်းပတဲ့  နှစ်(၁ဝဝ)ပြည့်  အမျိုးသား အောင်ပွဲနေ့ ကို    တက်ရောက်ခွင့်ရတဲ့ အတွက်လည်း  မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဂုဏ်ယူ ပါတယ်။ ဒီလို အခမ်းအနားကြီးကလည်း  နှစ်(၁ဝဝ)မှ   တစ်ကြိမ်လေ။  YMBA  အသင်းကတော့   နှစ်(၁ဝဝ)ကျော်သွားပါပြီ။ ရှေ့ဆက်ပြီး တော့  အမျိုး၊  ဘာသာ၊  သာသနာ၊   ပညာနဲ့ ပတ်သက်ပြီး    ဒီလိုခမ်းနား ထည်ဝါတဲ့   အခမ်းအနား တွေကို   ကျွန်တော်တို့   ပိုပြီးတော့   အားကြိုးမာန် တက်နဲ့ ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။