UFC 302 ပြိုင်ပွဲတွင် တရုတ်ဖိုက်တာနှင့် ပွဲပျက်ခဲ့ပြီးနောက် ဂျပန်ဖိုက်တာနှင့် ဂျိုရှုအာဗန် ထိုးသတ်ရန် နီးစပ်နေ

UFC 302   ပြိုင်ပွဲတွင် တရုတ်ဖိုက်တာနှင့် ပွဲပျက်ခဲ့ပြီးနောက် ဂျပန်ဖိုက်တာနှင့် ဂျိုရှုအာဗန် ထိုးသတ်ရန် နီးစပ်နေ

ရန်ကုန်  ဧပြီ  ၂၇

UFC က ကြီးမှူးကျင်းပမည့် UFC 302 ပြိုင်ပွဲတွင် ချင်းဖိုက်တာဂျိုရှုအာဗန်သည် အစောပိုင်းက တရုတ်ဖိုက်တာ ဆူမူဒါအာဂျီနှင့် ထိုးသတ်ရန်ကြေညာထားသော်လည်း ၎င်းင်းနှင့်ပွဲပျက်ခဲ့သည့်အတွက် ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာနှင့် ထိုးသတ်ရန်အတွက် နီးစပ်လျက်ရှိနေကြောင်း သိရသည်။

အစောပိုင်းတွင်  UFC က UFC 302 ပြိုင်ပွဲတွင် ဂျိုရှုအာဗန်နှင့် ဆူမူဒါအာဂျီတို့ကို   ဖလိုင်းဝိတ်တန်းပွဲစဉ်၌  ထိုးသတ်ရန်အတွက် ပွဲတည်ထားသော်လည်း ယခုအခါ ဆူမူဒါအာဂျီနှင့် ပွဲစဉ်ပျက်ခဲ့ရသည့် အတွက် ဂျိုရှုအာဗန်အနေဖြင့် ပြိုင်ဘက်ပြောင်းလဲထိုးသတ်ရမည်ဖြစ်သည်။

ဂျိုရှုအာဗန်သည့် UFC 302 ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ တက်ဆူရိုတာရီ ယာနှင့် ထိုးသတ်ရန် နီးစပ်လျက်ရှိနေပြီး UFC က နတရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း တက်ဆူ ရိုတာရီယာနှင့် ဂျူရှူအာဗန်တို့၏ စီမံခန့်ခွဲမှုအေဂျင်စီများဘက် သတင်းများကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လျက်ရှိနေသည်။

ဂျိုရှူအာဗန်နှင့် ထိုးသတ်ရန်နီးစပ်နေသည့် ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာ သည် UFC ဖလိုင်းဝိတ် တန်းတွင် ရှုံးပွဲမရှိ သေးသည့် ဖိုက်တာတစ်ဦးဖြစ်ပြီး ဖလိုင်းဝိတ် တန်းတွင် အဆင့်(၁၃)နေရာတွင် ရပ်တည် နေသူဖြစ်ကာ ၎င်း၏ UFC ကစားသမား ဘဝတွင် ခုနစ်ပွဲတွင် ချုပ်ကွက်ဖြင့်လည်း ကောင်း၊ လေးပွဲကို  အလဲထိုးဖြင့်လည်း ကောင်း၊ လေးပွဲကို ဒိုင်မှတ်ဖြင့်လည်းကောင်း အသီးသီးနိုင်ပွဲများ ရယူ ထားသူဖြစ်သည်။

အလားတူ ဂျိုရှူအာဗန်သည်လည်း ဖိုက်တာဘဝတစ်လျှောက်တွင် Fury အဖွဲ့ အစည်းနှင့် စာချုပ်ချုပ်ဆိုရာတွင်လည်း ရှုံးပွဲမရှိဘဲ နိုင်ပွဲများရယူနိုင်ခဲ့သကဲ့သို့ UFC နှင့်စာချုပ်ချုပ်ကာ ထိုးသတ်ရာတွင်လည်း ရှုံးပွဲမရှိသေးသူဖြစ်သည်။

ဂျိုရှူအာဗန်ပါဝင်ထိုးသတ်မည့် UFC 302 ပြိုင်ပွဲကို လာမည့်ဇွန်လ ၁ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူအောင်