၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲကျင်းပ အထင်ကရဘုရားစေတီပုထိုးများ၊ အထင်ကရ နေရာများသို့ လှည့်လည်လေ့လာ

၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲကျင်းပ အထင်ကရဘုရားစေတီပုထိုးများ၊ အထင်ကရ နေရာများသို့ လှည့်လည်လေ့လာ

တောင်ကြီး  ဧပြီ  ၂၈

၂၀၂၄ ခုနှစ် တောင်ကြီး လူရည်ချွန်စခန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဆိုင်းဘုတ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် တောင်ကြီးလူရည်ချွန်စခန်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် လူရည်ချွန်မောင်မယ်များ လေ့လာရေးခရီးစဉ်တွင် ဒေသခံပြည်သူများ၏ ဘဝ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လက်မှုအနုပညာများ အစရှိသဖြင့် မှတ်သားဖွယ်ရာများကို ထဲထဲဝင်ဝင် သိရှိအောင် လေ့လာကြရန်နှင့် မိမိမှတစ်ဆင့် အခြားသူများကို ပြန်လည်မျှဝေပေးနိုင်ရေး ကြိုးစား လေ့လာရန် မှာကြားလိုကြောင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန်၊ မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးစံများကို အချင်းချင်းဖလှယ်ရယူပြီး တစ်ဦးပေါ် တစ်ဦးနားလည်ကာ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်လာစေရန်၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိကြစေရန် အထူးမျှော်လင့်မိကြောင်း၊ နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ ဘာသာ သာသနာပညာအကျိုးတို့ကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ဝီရိယစွမ်းအား ရှိသမျှသယ်ပိုး ထမ်းဆောင်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးကြပ်များကို ဂုဏ်ပြု ချီးမြှင့်ငွေနှင့် လူရည်ချွန်မောင်မယ်များကိုယ်စား ကျောင်းသားတစ်ဦးကို ရင်ထိုးတံဆိပ် တပ်ဆင်ပေး သည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ရင်ထိုးတံဆိပ်များကိုပေးအပ်ရာ လူရည်ချွန် မောင်မယ်များ ကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးက လက်ခံရယူသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်း ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ဧည့်သည် တော်များအား နေရာအရောက်ပေးအပ်ပြီး လူရည်ချွန် (၁၉၆၄-၁၉၈၈) အဖွဲ့က ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ လူရည်ချွန်မောင်မယ်များနှင့်    မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန် မောင်မယ် များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ဆက်လက်၍ တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်မောင်မယ်များသည် စူဠာမုနိဘုရား အား သွားရောက်ဖူးမြော်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် နေ့လယ်စာသုံးဆောင်ကြပြီး     တောင်ကြီးမြို့၏ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားအား သွားရောက်ဖူးမြော်၍ ဘုရားပေါ်မှ တောင်ကြီးမြို့၏  သဘာဝအလှရှုခင်းများ ကြည့်ရှု၍ အမှတ်တရဓာတ်ပုံများ ရိုက်ကြကာ တောင်ကြီးမြို့ မြို့မဈေးသို့ သွားရောက်၍ ဒေသထွက်ကုန်များနှင့် စားသောက်ကုန်များ၊ လူသုံးကုန်များ  ရောင်းဝယ် နေမှုကို ကြည့်ရှုလေ့လာကြပြီး အမှတ်တရအဖြစ် ဒေသထွက်ကုန်များကို ဝယ်ယူအားပေးကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဒသမတန်း လူရည်ချွန်မောင်မယ်  ၁၄၀  ဦးတို့သည် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် အခြေပြု၍ ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ အထင်ကရ ဘုရားစေတီပုထိုးများ၊ အထင်ကရနေရာများသို့ လှည့်လည်လေ့လာ သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)