သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ပဲခူး၊ လူမှုရေး

ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ ပဲခူးမြို့နယ် ဇောင်းတူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဧပြီလ ၂၇ ရက်တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

အသိပညာပေး ဟောပြောပွဲတွင် ပဲခူးခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်(၂) က အမှာစကားပြောကြားပြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထွန်းက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေး ဟောပြောကာ တက်ရောက် လာသူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအချက်အလက်များကို Video Clip ဖြင့် ပြသပေးသည်။

ယင်းနောက် တာဝန်ရှိသူများက ဟောပြောပွဲသို့ တက်ရောက်လာသူများအား သစ်ပင်များနှင့် ပန်းပွင့် သည့် အရိပ်ရအပင်များ ပေးအပ်ကြောင်း သိရသည်။              

 (၄၀၁)၊ တင်စိုး(ပဲခူး)