မြိတ်နှင့်ဝေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မြိတ်နှင့်ဝေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၂၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ကျေးရွာ အနီးတွင် အောင်ပြည့်စုံ(ခ)လက်ပွား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း။

ဧပြီလ ၂၅ ရက် နံနက် ၉ နာရီတွင် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအုပ်စု၊ ညောင်ခါးရှည် ကျေးရွာ အနီးတွင် နောင်ဝင်းထွန်း(ခ)နောင်နောင် မောင်းနှင်ပြီး အောင်ချမ်းသာနှင့်ဝေဖြိုးကျော်တို့  လိုက်ပါလာ သည့် MAN တွဲယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက် တမင်း) ၁၀၀ ကီလိုနှင့် ကက်တမင်း ၁၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။            

(ရဲပြန်ကြား)