တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ သုံးဘီး မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ သုံးဘီး မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

နေပြည်တော်  ဧပြီ  ၂၈

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ်   ကြွေပန်းကန်ပြား (၁၃၁၀၄)ချပ် အပါအဝင်ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၇၇၈၀၀၀)နှင့် လိုင်စင်မဲ့  Toyota Passo  မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့၊ မြို့ရှောင်လမ်း၊ တောင်ပုလုလမ်းဆုံ အနီး၌ လိုင်စင်မဲ့ Lifan  သုံးဘီးမော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၂၀၀၀၀၀)ကို  လည်းကောင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဆင်များရှင်ဘုရားဝင်း၊  ကျောက်စိမ်းဂိုဒေါင်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ်    Yifulin  မိန်းကလေးစီး ဖိနပ် ၈၀ ရန် အပါအဝင် ကုန်ပစ္စည်း (၉) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၅၂၉၀၀) စုစုပေါင်း     (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၃၀၉၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၃၅ ဒသမ ၉၁၆)တန်၊ သစ်မာ(၁၀ ဒသမ ၂၃၁)တန်နှင့် အခြားသစ်(၂ ဒသမ ၃၆၃)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၄၂၅၆၇၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီလ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၄၅၆၅၇၆)ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။