အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအမျိုးသမီး အသင်းကို အနိုင်ရရှိပြီး ဘာစီလိုနာ အမျိုးသမီးအသင်း လေးကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်

 

အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအမျိုးသမီး အသင်းကို အနိုင်ရရှိပြီး ဘာစီလိုနာ အမျိုးသမီးအသင်း လေးကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်

 

    ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အမျိုးသမီးချန်ပီယံ လိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ် အဖြစ်  ချယ်လ်ဆီး အမျိုးသမီးအသင်းနှင့် ဘာစီလိုနာ အမျိုးသမီးအသင်းတို့ ပွဲစဉ်တွင်  ဘာစီလိုနာ အမျိုးသမီးအသင်းက   ၂  ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိပြီး  လေးကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီး အမျိုးသမီးအသင်းနှင့်   ဘာစီလိုနာ အမျိုးသမီးအသင်းတို့သည် ပထမအကျော့တွင် ချယ်လ်ဆီး အမျိုးသမီးအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး   ဒုတိယအကျော့တွင်   ဘာစီလိုနာ အမျိုးသမီးအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး-၁ ဂိုးဖြင့် ဘာစီလိုနာ အမျိုးသမီးအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာ အမျိုးသမီးအသင်းသည်  အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက   ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး  ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက   ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သော်လည်း   လိုင်ယွန်အမျိုးသမီး အသင်းကိုရှုံးနိမ့်သည့်အတွက် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရကာ  ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက ဝုဖ်ဘတ်အမျိုးသမီး အသင်းကိုအနိုင်ရရှိပြီး    ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအမျိုးသမီးအသင်းသည် ဗိုလ်လုပွဲစဉ် တွင်  လိုင်ယွန်အသင်းနှင့်  ပီအက်စ်ဂျီအသင်းတို့မှ အနိုင်ရရှိမည့် အသင်းနှင့် မေလ ၂၅ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။