တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဧပြီ  ၂၉

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၃၈၅/၂)အနီး၌ မသင်္ကာဖွယ်ရပ်တန့်ထားသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁၃.၁၉၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၁၁၈၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့်  Hino Profia Truckု (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊  စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၄၁၁၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့ Nissan X-Trailမော်တော်ယာဉ်(၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ  Felicity Solar Lithium Iron Phosphate Battery (၄)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း၊   မြန်မာ့စက်မှုဆိပ်ကမ်း၌   ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့်    တရုတ်နိုင်ငံထုတ် Clear Float Glass (၃၄၄၆.၂၆)စတုရန်းမီတာ အပါအဝင်    ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၇၅၄၇၂)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၉၇၅၄၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့၊ မြို့ရှောင်လမ်းအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့  မောင်းနှင်လာသော မော်တော်ယာဉ်(၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Plastic Tube (၈၈၅) ကီလိုဂရမ်၊ 108 Detergent  ဆပ်ပြာမှုန့်ထုပ် (၄၈၀)၊ Yum Yum ခေါက်ဆွဲခြောက်ထုပ် (၄၅၀၀)နှင့်  Lipovitan-D  အားဖြည့်အချိုရည်ပုလင်း (၆၀၀၀)၊ တရုတ်နိုင်ငံထုတ် Billions Titanium Dioxide အိတ်(၂၅၀)၊ Safety Shoes ဖိနပ် (၅၀၀)ရန် အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၆၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်    Mitsubishi Fuso Truck (၁)စီး၊ Nissan Condor  (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၀၀၀၀၀)၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၆၆၀၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်  X-Ray  စက် စစ်ဆေးရေးဂိတ်၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်  (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်   ထိုင်းနိုင်ငံထုတ် Cook and Lobster ငါးငံပြာရည် (၃၆၀)ပုလင်းအပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၆၀၀၀၀)အား အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တရားမဝင် အခြားသစ်(မီးသွေး) (၁၂ ဒသမ ၆၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)တို့အား သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၄၄၉၆၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီလ၂၆ ရက်နှင့်၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၉၄၉၆၉၃၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။