ကွန်ဟိန်းနှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

ကွန်ဟိန်းနှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  ဧပြီ  ၂၉

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၆ ရက် ည ၆ နာရီတွင် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအုပ်စု တာကော်ကျေးရွာအနီးတွင် မိုင်းပျဉ်းဘက်မှ ကာလိဘက်သို့ စိုင်းထွန်းလှ မောင်းနှင်ပြီး အိုက်ရီ   လိုက်ပါလာသည့်   CROWN အမျိုးအစား မော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water  ၁၂ ဒသမ ၇ ကီလိုကိုလည်းကောင်း၊ အလားတူ ဧပြီလ ၂၈ ရက် ည ၆  နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ပင်လုံမြို့ ပင်လုံအရှေ့ကျေးရွာအုပ်စု  ကျူရုံးကွက်သစ်ရှိ စိုင်းနောင့်(ခ)စိုင်းခေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။