လူရည်ချွန်စခန်း(ချောင်းသာ) ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ ရွှေသောင်ယံမြို့ရှိ Sea & Lake Garden နှင့် ငွေဆောင်မြို့ရှိ အပန်းဖြေ(ဆင်စခန်း)၊ ပုစွန်မွေးမြူရေး လုပ်ငန်းတို့သို့ ဒေသန္တရဗဟုသုတ လေ့လာရေးခရီးစဉ် သွားရောက်

 

လူရည်ချွန်စခန်း(ချောင်းသာ) ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ ရွှေသောင်ယံမြို့ရှိ  Sea & Lake Garden နှင့် ငွေဆောင်မြို့ရှိ အပန်းဖြေ(ဆင်စခန်း)၊ ပုစွန်မွေးမြူရေး လုပ်ငန်းတို့သို့ ဒေသန္တရဗဟုသုတ လေ့လာရေးခရီးစဉ် သွားရောက်

 

ချောင်းသာ ဧပြီ ၃၀

    ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  လူရည်ချွန်စခန်း (ချောင်းသာ)တွင် စခန်းချ နေထိုင်လျက်ရှိသည့်  ၂၀၂၄ ခုနှစ် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်   ဦးဆောင်လိုက်ပါ၍  ယနေ့နံနက်ပိုင်းတွင် ရွှေသောင်ယံမြို့ရှိ Sea & Lake Garden  နှင့် ငွေဆောင်မြို့ရှိ အပန်းဖြေ(ဆင်စခန်း)၊ ပုစွန်မွေးမြူရေးလုပ်ငန်းတို့သို့ ဒေသန္တရ ဗဟုသုတလေ့လာရေး ခရီးစဉ်သွားရောက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူရည်ချွန်မောင်မယ်များသည် ရွှေသောင်ယံမြို့ရှိ  Sea & Lake Garden  သို့ရောက်ရှိပြီး ဒီရေတောတံတား၊ ကျောက်စိမ်းပြတိုက်၊ သစ်သားများဖြင့်ထွင်းထုထားသည့် ပန်းပုရုပ်တုပြတိုက်နှင့် အသဲတစ်ရာ ဥယျာဉ်တို့တွင် လေ့လာလည်ပတ်ကြည့်ရှုခြင်းနှင့် အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခြင်းများအပြင် အခြားစိတ်အပန်းဖြေလည်ပတ်စရာနေရာများအား ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များသည် ငွေဆောင်မြို့သို့ ထွက်ခွာခဲ့ပြီး ငွေဆောင်မြို့အနီး ငွေဆောင်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၁၉/ဝ) ရှိ ငွေဆောင်အပန်းဖြေ (ဆင်စခန်း)သို့ သွားရောက်လေ့လာကြရာ ဆင်စခန်းတာဝန်ခံမှ   ဆင်စခန်းအချက်အလက်နှင့် နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ငွေဆောင်အပန်းဖြေ (ဆင်စခန်း)မှ ဆင်လိမ္မာကြီး ဇွဲအောင်ထွန်းက လူရည်ချွန်မောင်မယ်များအား  ပန်းခြင်းပေး၍  ကြိုဆိုခြင်း၊ ဆင်ကလေးများ၏ ယဉ်ကျေးလိမ္မာ သရုပ်ပြသခြင်းနှင့် ဆင်လိမ္မာများအား အစာကျွေးပြီးနောက်   အမှတ်တရဓာတ်ပုံများ ပျော်ရွှင်စွာ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ငွေဆောင်မြို့ရှိ ပုစွန်မွေးမြူရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက မွေးမြူရေးကန်များ နည်းစနစ်တကျ ဆောင်ရွက်ထားရှိမှု၊  သားပေါက်များ ထည့်သွင်းမွေးမြူမှု၊ Blower  ဖြင့် လေပေးခြင်း၊ ပိုက်ဆွဲခြင်း၊ စက်ဖြင့်ပုစွန်အစာကျွေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပြခန်းများဖြင့် ရှင်းလင်းပြသရာ လူရည်ချွန်မောင်မယ်များက စိတ်ဝင်စားစွာ လေ့လာကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များသည် လူရည်ချွန်စခန်း(ငွေဆောင်)တွင် နေ့လယ်စာစားသုံးပြီးနောက် ငွေဆောင်မြို့မဈေးသို့ သွားရောက်ကာ   ဒေသထွက် စားသောက်ကုန်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းချနေမှုတို့ကို လေ့လာကြည့်ရှု ဝယ်ယူခဲ့ကြပြီး စခန်းချနေထိုင်ရာ လူရည်ချွန်စခန်း(ချောင်းသာ)သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။