ဖိလစ်ပိုင်က မိုးခေါင်ရေရှားမှု ပြဿနာကို ဖြေရှင်းရန် တိမ်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်မည်

 

ဖိလစ်ပိုင်က မိုးခေါင်ရေရှားမှု ပြဿနာကို ဖြေရှင်းရန် တိမ်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်မည်

 

    ဖိလစ်ပိုင်နိုင်ငံအတွင်း မိုးခေါင်ရေရှားမှု ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် တိမ်ပျိုး ခြင်းလုပ်ငန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူ တစ်ဦးက ဧပြီလ ၃၀ ရက်တွင် ပြောသည်။

အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့်  အပါအဝင် ပူပြင်းခြောက်သွေ့လွန်းသော အခြေအနေကြောင့် နိုင်ငံအတွင်းရှိ ပြည်သူ ၂ ဒသမ ၉ သန်းခန့်မှာ  မိုးခေါင်ရေရှားမှု  ဒဏ်ကိုခံစားနေရခြင်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံအတွင်းရှိ မြို့နယ်နှင့်  ဒေသပေါင်း ၁၃၁ ခုကို နိုင်ငံတော်အဆင့်ဘေးသင့်ရာ နေရာများအဖြစ် ကြေညာထား ရပြီး ထိုဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု အယ်နီညိုဖြစ်စဉ် လုပ်ငန်းအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဂျိုအီဗီလာရာမာက ပြောသည်။

ဘေးသင့်ရာနေရာများအဖြစ် သတ်မှတ် ခံထားရသော ဒေသအများစုမှာ မိုးခေါင်ရေရှား  မှုဒဏ်ကို ခံစားနေရကြောင်း၊ အထူးသဖြင့် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင်ဖြစ်  ကြောင်းနှင့် ဘေးသင့်ရာဒေသအဖြစ်သတ် မှတ်ခံထားရသော နေရာများမှ တာဝန်ရှိသူ များအနေဖြင့် ရန်ပုံငွေတောင်းခံကာ အပူချိန် လျော့ကျရေးနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို  လုပ်ဆောင်နိုင်ကြောင်း ဂျိုအီဗီလာရာမာက ဆက်ပြောသည်။

အယ်နီညိုရာသီဥတုဖြစ်စဉ်၏ အဆိုးဆုံးသော အခြေအနေများသည် မေလကုန်အထိ  ဆက်လက်တည်ရှိ နေမည်ဖြစ်သည်ဟု မိုးလေဝသဌာနက  သတိပေးထားသည်။

ထိုကဲ့သို့ပူပြင်းခြောက်သွေ့သော အခြေ အနေများကြောင့် စိုက်ပျိုးရေးကဏ္ဍ၌ ဆုံးရှုံးမှုမှာ ဖိလစ်ပိုင်ပီဆို ၄ ဒသမ ၃၉ ဘီလီယံရှိ  ကြောင်း  သိရသည်။