ပရီးမီးယားလိဂ်အသင်းကြီးများက ခေါ်ယူရန် စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက် စပို့တင်းလစ္စဘွန်း အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

 

ပရီးမီးယားလိဂ်အသင်းကြီးများက ခေါ်ယူရန် စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက် စပို့တင်းလစ္စဘွန်း အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

 

ပေါ်တူဂီထိပ်တန်းကလပ် စပို့တင်းလစ္စဘွန်းအသင်းသည် ပရီးမီးယားလိဂ်ထိပ်တန်း ကလပ်အသင်းကြီးများ က ခေါ်ယူရန်စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက်     ပြောင်းရွှေ့ကြေး   စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ယိုကီးရက်ရှ်သည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက အင်္ဂလန်ချန်ပီယံရှစ် ကလပ်     ကိုဗင်ထရီအသင်းမှ စပို့တင်းလစ္စွဘွန်း အသင်းသို့  ပြောင်းရွှေ့ကစားခဲ့ကာ ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး  ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ သွင်းယူနိုင်သည့်အပြင်  ဂိုးဖန်တီးမှု ၁၄  ကြိမ်  ပြုလုပ်နိုင်သည်အထိ  ခြေစွမ်းပြနိုင်ပြီးနောက် ပရီးမီးယားလိဂ်ထိပ်တန်းကလပ် အသင်းကြီးများက အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။

လက်ရှိတွင် စပို့တင်းလစ္စဘွန်းအသင်းနှင့် ယိုကီးရက်ရှ်တို့၏ စာချုပ်သက်တမ်းမှာ  ကျန်ရှိနေသေးသည့်အတွက် အဓိက တိုက်စစ်မှူးတစ်ဦးကို လက်မလွှတ်လို၍ အသင်းတွင် ဆက်လက် ထိန်းထားလိုသော်လည်း    မဖြစ်မနေ ရောင်းချရမည်ဆိုပါက    မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သော   စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ထားသည့်အတွက်  ၎င်းကိုခေါ်ယူမည့်အသင်းများ အနေဖြင့်    အခက်ကြုံလာဖွယ်ရှိကြောင်း သိရသည်။