တာချီလိတ်မြို့၌ အလုပ်သမားနေ့အခမ်းအနားကျင်းပ

တာချီလိတ်မြို့၌ အလုပ်သမားနေ့အခမ်းအနားကျင်းပ

တာချီလိတ် မေ ၁

၂၀၂၄ ခုနှစ်  မေလ  ၁  ရက်တွင် ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျင်းပ သည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား  အလေးပြုကြ ပြီး ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ   ပေးပို့လာသည့် သဝဏ်လွှာအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ဖတ်ကြားသည်။

ထို့နောက် အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံမှတ်တမ်းနှင့် အလုပ်သမားဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်မှု များအား Video Clip ဖြင့်ပြသပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အလုပ်သမားနေ့ အထိမ်းအမှတ်  ခင်းကျင်းပြသထားသည့်  အသေးစား၊  အငယ်စားနှင့် အလတ်စား (MSME) ဒေသထွက်ကုန်နှင့် ဒေသထွက်စားသောက်ကုန်၊ စက်မှုထုတ်ကုန်များကို အခမ်းအနားသို့ တက်ရောက်လာသည့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက လေ့လာကြည့်ရှု အားပေးကြကြောင်း သိရသည်။

ဇင်ယော်၊ကျော်ဇေယျာလင်း(ပြန်/ဆက်)