ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကျင်းပ

ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကျင်းပ

ကျိုင်းတုံ မေ  ၁

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီတွင် ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာအခမ်းအနား တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌဦးဇော်လွင်ဦးက ဖတ်ကြားပြီး အလုပ်သမားနေ့ Video Clip ပြသသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများ ပြသထားမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

 အောင်ဇင်မြင့်(ပြန်/ဆက်)