ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး၊ လူမှုရေး

မကွေးတိုင်းဒေသကြီး  တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တောင်တွင်းကြီးမြို့နယ် လက်ပံရှည်ကျေးရွာအုပ်စု လက်ပံရှည်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ကျေးရွာရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တောင်တွင်းကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် တာဝန်ရှိသူများက ဧပြီလ ၃၀ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် တာဝန်ရှိသူများသည် ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့် အတူ လက်ပံရှည်ကျေးရွာအုပ်စု လက်ပံရှည်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ပြန်လည်ပြုပြင် မွမ်းမံဆောင်ရွက်နိုင်ရေး လက်ရှိရေသုံးစွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ပံရှည်ကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို အိမ်တိုင်ရာရောက် ရရှိနိုင်ရန်အတွက် ဆိုလာစနစ်ဖြင့် ကျေးရွာရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌  အဆင်ပြေ လွယ်ကူစေရန်၊ မြေပြင်အခြေအနေများကို လုပ်ငန်းများမစတင်မီ ကြိုတင်ကွင်းဆင်း စစ်ဆေးတိုင်းတာ ခြင်းဖြစ်ကြောင်း သိရသည်။                

 နွဲ့ယဉ်